Professional Authors

`အိမ်ခေါင်မိုး ၌ ခြစားခြင်း´ မင်းထက်ညိမ်း

`အိမ်ခေါင်မိုး ၌ ခြစားခြင်း´
မင်းထက်ညိမ်း
*သူတို့ဟာ
မျက်နှာကျက်ပေါ် သဲအိမ်ဆောက်တမ်း ကစားနေကြတယ်
*သူတို့ဟာ
ငါ့ ခေါင်မိုး ကို စားကျက်ထင်နေတယ်
*ဟောဒီမှာ
မျော်လင့်ခြင်းဟာ
တဖွဲဖွဲ ကြွေကျ သေဆုံးနေရပေါ့
ငါဟာ
တစ်စုံတစ်ရာကို
မျက်နှာကျက် အပေါက်အပြဲ က တစ်ဆင့်
စိတ်ကူးကြည့်နေမိတယ်
ဒီလိုပဲ
ဘ၀ဟာ
အဝေးက လှမ်းမျှော်ငေးနေယုံ နဲ့ ပြီးမလား
ငါ့မှာ…
မော့ကြည့်စရာ ဘာမျှ မရှိတော့ဘူး
သူတို့က
ကောင်းကင်တစ်ခုလုံးကို စားသောက်သွားကြပြီ ။ ။
မင်းထက်ညိမ်း

In: ကဗျာ Posted By: Date: Nov 16, 2012
Comment #1

ငါ့မှာ…
မော့ကြည့်စရာ ဘာမျှ မရှိတော့ဘူး
သူတို့က
ကောင်းကင်တစ်ခုလုံးကို စားသောက်သွားကြပြီ ။ ။

commentinfo By: maypyo22889 at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment