Professional Authors

ကျရှုံးသူရဲ့ဆုတောင်းစကား

ငါမင်းရဲ့မျက်ခုံးတစ်လျှောက်လမ်းတွေလျှောက်
မင်းရဲ့စူးရှတဲ့မျက်စောင်းတွေအောက်ငါဟာဒူးထောက်…
မင်းရဲ့မျက်ဝန်းတွေအောက်ငါဟာကျရှုံး…
မင်းရဲ့စကားလုံးတွေအောက်မှာလည်း
ငါလက်နက်ချထားပြီးပြီ…
မိန်းကလေး…
ငါဟာမင်းကိုချစ်နေတဲ့
အချစ်ရဲ့ကျေးကျွန်ပါ
မိန်းကလေးအရှုံးများစွာနဲ့ငါဟာ
ဒူးထောက်ပြီးရင်ကော့ထားတယ်…
မင်းမျက်စောင်းရယ်
မင်းစကားလုံးတွေနဲ့
မင်းလိုရာကိုစီရင်လိုက်ပါတော့ကွယ်
မိန်းကလေးရယ်…

In: ကဗျာ Posted By: Date: Nov 16, 2012
Comment #1

ဒီကဗျာကိုသူရှိတုန်းကမပြောလိုက်ရဘူးဗျာ။အခုဒီကဗျာကိုဖတ်ပြီးသူကိုသိတဲ့သူဆိုရင်သူ့ကိုဖတ်ခိုင်းလိုက်ပါဗျာ။
တောင်းဆိုတာပါ။သူ့နာမည်က ရွှေယမင်းမေ ပါဗျာ။ပြီးတော့ပြောပေးလိုက်ပါဦးဗျာ ကျွန်တော်သူ့ကိုအရမ်းချစ်တယ်လို့။ကျွန်တော်နာမည်က ထက်အောင်လင်း

commentinfo By: hollylife at Nov 16, 2012
Comment #2

Hna lone tarr hnit khan sarr arr pay twar par de.

commentinfo By: ei lay at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment