Professional Authors

“မိုးကြိုးတစ်ပစ်စာ …” .

လေပြည်ကိုမှ အမေခေါ်မိတာ …
ခဏတာ တိုက်ခတ်မှုနဲ့
သူကျော်ဖြတ်သွားမှ
လူတစ်ယောက်လုံး ကြောင်စီစီဖြစ်သွားလောက်တဲ့အထိ
နှလုံးသား သေဒဏ်ကျသလိုမျိုး …
စကားလုံးတွေ အထီးကျန်တယ် …

ဒီတစ်ကောင်တည်း စကားလုံးမရှိဘဲ နေဝင်ခဲ့တာ
အခုဆို နာရီပေါင်းများစွာ ခုန်ပေါက်ထွက်ပြေးကုန်ကြပြီ …
ဒါဟာ …
တောင်တန်းတွေတောင် အားနာဖို့ ကောင်းနေပါပြီ …

ကဗျာတွေက အမြဲတမ်းလမ်းဟောင်းလေးပေါ်
ငေးငိုင်ငဲ့စောင်းနေကြတာ …
အခုဆို …
နောက်ဆုံးခွဲခဲ့တဲ့ လမ်းလေးပေါ်
မင်ရည်တွေ စိုရွှဲလျက် …
ငါထပ်ပြီး …
ဆက်လက်ပြီး …
ဘာမှ …

ကတိုက်ကရိုက်ပွင့်နေတဲ့
ယောင်ရမ်းခြင်းအိပ်မက်တွေကိုတော့ ထိန်းသိမ်းရင်း …

ခဏသာ တွေ့ဆုံခြင်းအတွက် …
ကဗျာတွေ ထားခဲ့ပြီး …
ငါနှုတ်ဆက်ခဲ့ပါတယ် …

ကံမကုန်ခဲ့ရင် ….
…………………………….

In: ကဗျာ Posted By: Date: Jun 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment