Professional Authors

ချစ်သူ့လမ်းခွဲ

တံလျှပ် ရေထင်
လမ်းမမြင်တဲ့ အဖြစ်
စစ်ကို အချစ်မှတ်
ရင်ဘတ်ကို ပုံအပ်မိသူ … ။
ချန်ခဲ့ပြီ
နောက်အလှည့်မှာ
ချာခနဲ အကြည့်တစ်ချက်
နွေရက်တွေ ဖြတ်ရသလို … ။
မငိုတော့ဘူးလေ
နွမ်းလို့ မအိုမယ့် အချစ်တွေနှင့်
လှမ်းလို့ မခေါ်ဘဲ
လွမ်းလို့သာ နေခဲ့မယ် … ။

In: ကဗျာ Posted By: Date: Nov 12, 2012
Comment #1

§§§§§§§§§§

commentinfo By: ei lay at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment