Professional Authors

ပန်းတိုင်

မညာပါဘူးကွယ်
လမ်းဘေးလူမိုက်တစ်ဦးဖြစ်ခဲ့ဘူးပါရဲ့
လဘက်ရည်ဆိုင်လူတန်းစားဘဝ
အရာရာအလိုမကျလဲ ဖြစ်ဘူးရဲ့
ယဉ်ကျေးခြင်းတို့ အခြားမဲ့မှာ
စာရင်းသွင်းခံဘူးပါတယ်
ယုံချင်မှယုံပါကွယ် …

အခုတော့
စကားဦးတစ်ခွန်း အတွက်
ညင်ညင်သာသာ မြင်မက်
နှုတ်ခမ်းတလက်ရဲ့ ပြန်တမ်းမှာ
ရင်ခွင်ကဗျာတစ်ထပ်နဲ့ပေါ့…

စပါးကြည့်တစ်ချက်အတွက်
ငါ့ မိနစ်တွေ မင်သက်ခဲ့ရ
ဆံနွယ်တွေ စီးဆင်းမှုမှာ
မျှော်မှန်းချက်တွေ လင်းဖြာလို့…

ရှိနေပေးစမ်းပါ ချစ်သူရယ်
မင်းအတွက် ငါပါ
လာမယ့်ရက်တွေအတွက်
ကောင်းကင်တစ်ချပ်လုံးထမ်းပြန်ခဲ့မယ်
အပြုံးလေးတစ်ချက်ထွန်းပေးကွယ်…

ငါ့အတွက် လက်ကလေးတဘက်
မပျက်ကွက်သော ချစ်ခြင်းတရားနဲ့
အကြင်နာပါးပါးလေးတစ်ခု
နောက် ..
ယုံကြည်မှုတစ်မျက်နှာတော့လိုအပ်တယ်…
 

In: ကဗျာ Posted By: Date: Nov 11, 2012
Comment #1

ပြောစရာမလိုအောင် ကောင်းတဲ့စာသားတွေပဲ အကိုရေ အားပေးသွားပါတယ်နော်

commentinfo By: maypyo22889 at Nov 11, 2012
Comment #2

ကျေးဇူးပါခင်ဗျာ

commentinfo By: HEROSMITH at Nov 11, 2012
Comment #3

so niceeeeeeeee.

commentinfo By: May Kha at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment