Professional Authors

ချစ်တတ်ခြင်းတွေနဲ့လူ

“ချစ်တတ်ခြင်းတွေနဲ့လူ ”

နင့်ဘ၀အတွက် ငါက ခဏတာ ရေပွက်လေးမျှသာ
ငါ့ဘ၀အတွက်တော့ ဘ၀တသက်စာ
အမှတ်တရ ဒဏ်ရာများစွာနဲ့သာ
ငါ့ရင်ထဲမှာ နင်၊ နင့်ရင်ထဲမှာတော့ သူ တဲ့လေ

ပွဲမစခင်က ရှုံးနှင့်နေနှင့်သူပါ။

ရာဝဏလို စိတ်နဲ့လူ ငါလူကြမ်းပေမယ့်
နှလုံးသားက နင့်အတွက် နှင်းလိုဖြူပြီး
တိမ်တွေလို နူးညံ့ခြင်းများနဲ့သာ
နင်လျှောက်မယ့်လမ်း နှင်းလွှာပြင်ခင်း
တိမ်တွေလို အရိပ်မိုးပေးခဲ့ချင်သူဟာ ငါပါ။

အမှတ်တမဲ့ သတိရခြင်းတွေထဲ
ငါ့ကို ခဏတစ်ဖြုတ် သတိရလိုက်မယ်ဆို
တိမ်တိုက်တွေကို ကြည့်လိုက်ပါ
ငါ့နှလုံးသား ကြေမွကွဲအက်ခြင်းတွေက
တိမ်တွေထဲ နူးညံ့စွာ လွင့်မျော
ကောင်းကင်တစ်ခုလုံး ငိုမှောင်ရီနေမှာ
နင်တွေ့ရမှာပါ။

((( ထိရ )))

ကဗျာ အသံဖိုင်
http://soundcloud.com/htiya2012/memo

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

i m sorry to hear that!! same to me

commentinfo By: မေပျို at Nov 9, 2012
Comment #2

oh,,
so much touching

commentinfo By: ei lay at Nov 10, 2012
Comment #3

မေပျိုနဲ့ အိမ်လေး ကျေးဇူးများစွာပါ။

commentinfo By: ထိရ at Nov 10, 2012
Comment #4

အမှတ်တမဲ့ သတိရခြင်းတွေထဲ
ငါ့ကို ခဏတစ်ဖြုတ် သတိရလိုက်မယ်ဆို
တိမ်တိုက်တွေကို ကြည့်လိုက်ပါ
ငါ့နှလုံးသား ကြေမွကွဲအက်ခြင်းတွေက
တိမ်တွေထဲ နူးညံ့စွာ လွင့်မျော
ကောင်းကင်တစ်ခုလုံး ငိုမှောင်ရီနေမှာ
နင်တွေ့ရမှာပါ။ (အားပေးသွားပါတယ်)

commentinfo By: May Kha at Nov 12, 2012
Comment #5

So much touching

commentinfo By: ei lay at Dec 19, 2012
Comment #6

ကိုထိရ ကဗျာလေး ရင်ထဲကို ထိ သွားပါတယ်၊ အသံဖိုင်လေးနဲ့ဆိုတော့ ပိုအသက်ဝင်တာပေါ့ရှင် 🙂

commentinfo By: pannei at Jun 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment