Professional Authors

သို့………………………….(၂)

အဲဒီနေ့ကပေါ့……

အုံ့အုံ့ မှိုင်းမှိုင်းနဲ့ မိုးတွေရွာတယ်။

အေးမြနေခဲ့တာမဟုတ်

ပူလောင်ခြင်းတွေ စွတ်စိုနေခဲ့တာပါ။

 

ရက်ရက်စက်လမ်းခွဲသွားသူနဲ့ အပြိုင်

ရက်ရက်စက်စက်သည်းတဲ့မိုးမှာ

ရင်ခွင်တခုလုံး တုန်ရီလို့။

မပြောဖြစ်တော့မယ့်စကားလုံးတွေနဲ့

ပြီးဆုံးသွားပြီဖြစ်တဲ့ ဇာတ်လမ်းလေးတပုဒ်

ဇာတ်သိမ်းခန်းကတော့ ခင်ဗျားတို့မြင်တဲ့ အတိုင်းပဲ

မရှုမလှ……….

ကျွန်တော်က သူ့ကိုထားခဲ့တာလား

ဒါမှမဟုတ်….

သူကကျွန်တော့်ကိုထားခဲ့တာလား

ကျွန်တော်သိခွင့်မရှိခဲ့ပါဘူး။

 

“တည်စရာရှားလို့……ပြန်လှည့်မကြည့်ကြေး ဆိုတဲ့ ဂတိကြမှကွာ”

အဲဒီလိုမချိတင်ကဲ……

ခံစာချက်မရှိသလိုနဲ့တော့ ကျောခိုင်းမသွားပါနဲ့”ငယ်”ရယ်

တခါကမင်းပြောဘူးတဲ့

“ဘယ်တော့မှခွဲမသွားဘူးဆိုတဲ့”

စကားသံတွေပြန်ကြားယောင်မိလို့ပါ။

 

ပြေးတဲ့သူပဲမောတာမဟုတ်ပါဘူး”ငယ်”

လိုက်ရတဲ့သူလည်းမောတတ်ပါတယ်။

 ပြန်လာစေချင်လို့ပြောနေတာမဟုတ်ပါဘူး။

မင်းကိုငါဖြူစင်စွာချစ်ခဲ့တယ်ဆိုတာကို

မင်းတယောက် တခြားသူရဲ့

ရင်ခွင်ထဲကနေ သိစေချင်လို့ပါ။

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

ဟုတ်တယ် ဘယ်တော့မှခွဲမသွားဘူး

commentinfo By: alankwartarmain at Nov 9, 2012
Comment #2

ပြေးတဲ့သူပဲမောတာမဟုတ်ပါဘူး”ငယ်”

လိုက်ရတဲ့သူလည်းမောတတ်ပါတယ်။

ပြန်လာစေချင်လို့ပြောနေတာမဟုတ်ပါဘူး။

မင်းကိုငါဖြူစင်စွာချစ်ခဲ့တယ်ဆိုတာကို

မင်းတယောက် တခြားသူရဲ့

ရင်ခွင်ထဲကနေ သိစေချင်လို့ပါ။

good, really nice, ပုံပြင်ဟောင်းလေးတွေ လွမ်းလို့ကောင်းတယ်ပေါ့လေ

commentinfo By: Star Flower at Nov 15, 2012
Comment #3

>____<

commentinfo By: ei lay at Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment