Professional Authors

ကျောက်ရုပ် ချစ်သူ

ဖုံးကွယ်ထားတာတောင်
စွန်းစွန်းထွက်လာတဲ့
သံယောဇဉ်တွေ
သူ .. ရိပ်မိလေမလားလို့
စိတ်ထဲ ထင်မှတ်မိလည်း
သူကတော့
မတုန်မလှုပ် ကျောက်ရုပ်ပမာ …။

သိုဝှက်ထားတာတောင်
လှစ်လှစ် ပွင့်သွားတဲ့
အကြင်နာစကားတွေ
သူ.. သိလေမလားလို့
စိတ်ထဲ ထင်မှတ်မိလည်း
သူကတော့
မတုန်မလှုပ် ကျောက်ရုပ်ပမာ ..။

ထိန်းချုပ်ထားတာတောင်
လွတ်လွတ်ထွက်သွားတဲ့
ရင်ခုန်သံ စည်းချက်တွေကို
သူများ .. ကြားလေမလားလို့
စိတ်ထဲ ထင်မှတ်မိလည်း
သူကတော့
မတုန်မလှုပ် ကျောက်ရုပ်ပမာ ..။

နောက်
တစ်ဖြည်းဖြည်း ကြာတော့
သူ့ မာယာစက်ကွင်းမှာ
ကိုယ်တောင်
မတုန်မလှုပ် ကျောက်ရုပ်ပမာ ..။

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

နောက်
တစ်ဖြည်းဖြည်း ကြာတော့
သူ့ မာယာစက်ကွင်းမှာ
ကိုယ်တောင်
မတုန်မလှုပ် ကျောက်ရုပ်ပမာ ..။

commentinfo By: mayviolet at Nov 9, 2012
Comment #2

ဓါတ်ကူးသွားတာနေမှာပါ။

commentinfo By: mr.black at Nov 9, 2012
Comment #3

အဲလိုဟုတ်မယ်ထင်ပါတယ်ရှင်

commentinfo By: မေပျို at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment