Professional Authors

လူ/နေ/မှု့ (terry)

ပျောက်သွားတဲ့၁၀နာရီကိုDVDတစ်ခွေထဲကပြန်ရှာတွေ့တယ်

လွပ်လပ်သွားတာလား….လွတ်ထွက်သွားတာလား

၂၀၀တန်တစ်ခွက်နဲ့တစ်မနက်ကိုရောချလိုက်တယ်

သံပတ်မလိုတဲ့သံပတ်တွေလို

မနေ့ ကအခန်းထဲမနေ့ကလိုဝင်သွား

ရယ်ပြီးသားတွေကိုပြန်ရယ်ပေါ့

တနေ့ နေ့ ဆိုတာကိုယုံစားရတာပျင်းလာပြီ

စိုးရိမ်စရာတွေအများကြီးထဲကမှ

ဘာကြောင့်ငွေကြေးနဲ့မှချွေးထွက်ကြတာလဲ

အသက်ဓာတ်ဟာရှင်သန်ခြင်းမှာဆိုတာသေချာလား

ကစားနည်းတစ်ခုခုပြောင်းဆော့ကြည့်တာပေါ့

ခင်ဗျားက “သိလား”လို့ မေးရင်

ကျုပ်က “ဟင့်အင်း”လို့ ဖြေမယ်။

တယ်ရီ

2.11.2012

1200pm

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

ဘာကြောင့်ငွေကြေးနဲ့မှချွေးထွက်ကြတာလဲ

အသက်ဓာတ်ဟာရှင်သန်ခြင်းမှာဆိုတာသေချာလား

ကစားနည်းတစ်ခုခုပြောင်းဆော့ကြည့်တာပေါ့

commentinfo By: May Kha at Nov 8, 2012
Comment #2

…….. …….. …….. …….. …….. …….. …….. ……..

commentinfo By: SoFarAwayFromU at Nov 8, 2012
Comment #3

ရစ် ရစ် !
ထစ် __ ထစ် __ ထစ် __ ။

နောက်တစ်ခွေပြောင်း ထည့် CD စိတ် ။ 😀

commentinfo By: sharon myorr myor at Dec 15, 2012
Comment #4

ကောင်းပါတယ်

commentinfo By: minhtetmgmg at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment