Professional Authors

ငြိမ်းချမ်းပါစေ ကလေးရယ်…

ဒီကမ္ဘာပေါ်က
စစ်ပွဲတွေ ပဋိပက္ခတွေ
မပြီးဆုံးသေးဘူး.. 

ရင်နင့်စရာတွေ ကြေကွဲစရာတွေ
မျက်စိရှေ့က မဆုံးနိုင်သေးဘူး

အမုန်းတရားတွေ..
လောင်မြိုက်နေတဲ့ အတ္တတွေ…
လောကကြီးကို မီးတိုက်နေကြတယ်..

ကိုယ်ချင်းစာစိတ် သနားစိတ်တွေ
ကွယ်ရာ နတ္ထိဖြစ်နေပြီ..

တိုက်ပွဲတွေ..
ဆူညံပေါက်ကွဲသံတွေ..
အဲဒါတွေကို ဖန်တီးတဲ့သူတွေ..
နည်းနည်းလေးများ စဉ်းစားမိပါရဲ့လား..

အမုန်းတရား၇ဲ့ ဓားစာခံတွေ
ကလေးငယ်တွေ….
မျက်ရည်တွေနဲ့
ငိုကြွေးနေကြတယ်..
အဲဒီ အသံတွေကို ကြားရဲ့လား..

ကြေကွဲမှုနဲ့ ဆို့နင့်မှုတွေ
မြင်ကြရဲ့လား ..
အပြစ်ကင်းတဲ့ ကလေးငယ်တွေ..

ပညာရေး မရှိ..
အာဟာရမပြည့်ဝ..
မိတကွဲ ဖတကွဲ
အဲဒါတွေကို ဘယ်သူတွေဖန်တီးခဲ့ သလဲ…

သူတို့ရင်ထဲက အိပ်မက်တွေ
ဘယ်သူတွေလျစ်လျူရှုခဲ့တာလဲ..
သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို
သူတို့ဘာလို့ မပိုင်ရတာလဲ..

စာနာပေးကြပါ
နားလည်ပေးကြပါ
အပြစ်ကင်းတဲ့ ကလေးငယ်တွေ
သူတို့မျက်ဝန်းထဲက မျက်ရည်တွေ
အဖြူရောင်သက်သက်ပါ….

ဒီအမုန်းတရားတွေ
ချုပ်ငြိမ်းပြီး
ကလေးငယ်တွေ
ငြိမ်းချမ်းပါစေတော့…

         

In: ကဗျာ Posted By: Date: Nov 5, 2012
Comment #1

ငြိမ်းချမ်းပါစေလို့ထပ်တူဆုတောင်းပေးပါတရ်…………..

commentinfo By: May Kha at Nov 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment