Professional Authors

တမ်းတသံ

လွဲမှားနေတဲ့ သံစဉ်တွေနဲ့ အတူ
လွှင့် ပြန်နေတယ် ငါအာရုံက 
မင်းဆီကိုဆိုက်ရောက်လာတယ်
အရှိန်မသေသေးတဲ့  နှလုံးခုန်မှုနဲ့ အတူ
မင်းကိုပိုင်ဆိုင်ချင်ပေမဲ့  ထွက်ခွာဖို့ 
အချက်ပြသံက အော်ခေါ်နေတယ်
သံချေးတက်နေတဲ့ နှလုံးသားရဲ့ 
မိုင်တိုင်တွေအောက်မှ ခုတ်မောင်းရင်း
နှလုံးသားခရီးသည် အဆုံးသတ်က   
….ဘယ်မှာလဲ ..
နှလုံးသားကိုထမ်းပိုး အဝေးဆီခုတ်မောင်းနေတဲ့ 
ရထားတစ်စင်းရဲ့ တမ်းတသံကိုတော့ 
မင်းကြားနိုင်းပါစေ……………..

In: ကဗျာ Posted By: Date: Nov 4, 2012
Comment #1

အားပေးသွားပါတယ်.

commentinfo By: May Kha at Nov 5, 2012
Comment #2

thz par ….

commentinfo By: thulattyar at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment