Professional Authors

အဆုံးမဲ့ပေးဆပ်ခြင်း…..

မရေရာတဲ့လောကကြီးထဲ

အချစ်ဆိုတာကိုဖွေရှာမိတော့

မသေချာမှုတွေရဲ့ကြား ရင်မောနေရသူကငါပါ..

နင်ကတော့…….

အတိတ်ဟောင်းကရင်ခုန်သံတွေကို တမ်းတနေတုန်းပဲလား…….?

မြင်နိုင်မယ်ဆိုရင်….

ငါ့ရဲ့ရင်ထဲ ခဏလောက်ဝင်ကြည့်လှည့်ပါ။….။

ချစ်သူ(နင်)ပေးတဲ့ဒဏ်ရာဆိုတာ

နှလုံးသားရဲ့အတွင်းဆုံးအလွှာအထိ

အမြစ်တွယ်တတ်ပါသတဲ့.. …

နင်မသိခဲ့ပါဘူး

နင့်ကိုသတိရလို့မက်တဲ့အိပ်မက်

နိုးထချိန်အထိ မျက်ရည်စက်လက်နဲ့လေ….

မျှော်လင့်မိပါတယ်

နင့်ရဲ့အချစ်တွေ ငါ့အတွက်သီးသန့်ဖြစ်လာမယ့်တစ်နေ့နေ့ကိုပေါ့။…။

အဆုံးမဲ့တဲ့ငါ့အချစ်တွေက

ပေးဆပ်ခြင်းသက်သက်ဆိုလည်း

ဒဏ်ရာတွေကိုမမှုပါဘူး။..။

နင်ပျော်ဖို့အတွက်

ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူရယ်…

 မေတ္တာဆိုတာဘာမှန်းမသိခဲ့ပေမယ့်

ငတ်မွတ်နေခဲ့တယ်…

သစ္စာဆိုတာဘာမှန်းမသိခဲ့ပေမယ့်

သူ့အပေါ်ထားရှိခဲ့တယ်..

အချစ်ဆိုတာဘာမှန်းမသိခဲ့ပေမယ့်

သူ့ကိုချစ်နေခဲ့မိတယ်..

အလွမ်းဆိုတာဘာမှန်းမသိခဲ့ပေမယ့်

ငါမျက်ရည်ကျခဲ့တယ်….

In: ကဗျာ Posted By: Date: Nov 4, 2012
Comment #1

Hit to my heart directly.
:'(
:'(
:'(
Thz so much

commentinfo By: ei lay at Nov 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment