Professional Authors

စွပ်ကျယ်စုတ်နဲ့ငါ

ကျွန်တော်ဟာ …
အရိုင်းအစိုင်းတစ်ကောင်ပါ
လူကြီးမင်းတို့ရဲ့ လောကထုံးတမ်းနဲ့
ကြည့်မယ်ဆိုရင်ပေါ့လေ

နက်ကတိုင်ဝတ်ရမှာထက်
စွပ်ကျယ်စုတ်တထည်ကို
ပိုသဘောကျတယ်
အဆင့်မရှိဘူးလို့တော့မပြောနဲ့ပေါ့ဗျာ
ကျွန်တော်က ချိုင့်တလုံးမှမဟုတ်တာ

သွားမတိုက်တာနဲ့ပဲ
ညစ်ပတ်တယ်တဲ့လား
ဒါပေမယ့် ..ဘယ်လိုလုပ်မလဲ
အလိမ်အညာတွေ မပြောတတ်တဲ့
ကိုယ့်ခံတွင်းကိုယ် သတီနေတော့လည်း

တွေးတတ်တဲ့ ဦးနှောက်တလုံး
အမေက လက်ဆောင်ပေးခဲ့တော့လည်း
ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်
ခင်ဗျားလုပ်သမျှတော့
‘ဟုတ်ကဲ့’ ဘယ်ပြောနိုင်မလဲ

ဟန်ဆောင်အပြုံးတွေ
မပြုံးခိုင်းပါနဲ့ဗျာ
အဲဒီအပြုံးတွေ လက်ခံဖို့တောင်
ပျင်းလွန်းလို့ .. အရည်ပျော်ကျနေတာ
ရပ်ကွက်ထဲမှာ
နွေခေါင်ခေါင်ကြီး ရေကြီးနေလေရဲ့ ။ ။

အရဲ

In: ကဗျာ Posted By: Date: May 30, 2009  
Comment #1

ဟာ… မိုက်တာကွာ… အဓိပ္ပါယ်တော့ သေချာနားမလည်ဘူး… ဒါပေမယ့် မိုက်နေတယ်… ဖတ်ရင်းနဲ့ကို အာပုတ်နံ့တွေ ရနေသလိုပဲ… ပီပြင်တာပြောပါတယ်… 😛

commentinfo By: Ei Mon Soe at May 30, 2009
Comment #2

lol.. ကျေးဇူးပြောရမှာလား.. ဟွန်းး ပြောရမှာလားးကွ 😀

commentinfo By: အရဲ at May 30, 2009
Comment #3

အရဲ
စွန့်မှာလား ။
ရွံ့မှာလား ။
ရေဆန်ကိုရင်နဲ့ခွင်းမယ့်
ငန်းရိုင်းတွေက စောင့်နေတယ်။

commentinfo By: လင်းဝေ at Aug 12, 2009
Comment #4

လမ်းပျောက်နေတဲ့ ကျီးမည်းတကောင်
ငန်းရိုင်းတွေရဲ့ မာန်ချီပွဲမှာ
တိုးတိုးတိတ်တိတ်
နောင်တချိန်ဆိုတာကိုပဲ
မျှော်လင့်ရင်း..

commentinfo By: အရဲ at Aug 12, 2009
Comment #5

ကဗျာ သိပ်ကောင်းပါတယ်။ ၄ ခါမြောက်ဖတ်ခြင်း ဖြစ်ပါတယ်။

commentinfo By: chiron at Aug 15, 2009
Comment #6

အလိမ်ခံ၇တဲ့ သူ ကို လိမ်ခဲ့ တဲ့ သူ ကကဲ့ ၇ဲ့ တင်းဆိုနေလို့ 
ဒီလိုလေးတွေ ပြန်နှက်ချင်လိုက်တာနော်

commentinfo By: hnin at Aug 15, 2010
Comment #7

လုံးဝ အလန်းပဲ ကျွန်တော်နှင့် တောင် နည်းနည်း တူချင်တယ်……………….

commentinfo By: Min Khant Soe at Oct 21, 2010
Comment #8

မော်ဒန်တွေကိုကြိုက်တယ်နောက်ထပ်လဲရေးစေချင်တယ်

commentinfo By: ညီလေး at Nov 22, 2010
Comment #9

အရင်တုန်းက ကျွန်တော့်ကိုပဲ ရွဲ့ပြီးရေးထားသလိုလိုပါပဲလား သူငယ်ချင်း
ဒါပေမယ့် ကျွန်တော်တော့ကြိုက်တယ်ဗျာ
ဆက်ရေး
အားပေးနေလျှက်ပါ………………..

commentinfo By: မွန်စိုက် at Nov 22, 2010
Comment #10

ဟန်ဆောင်အပြုံးတွေ
မပြုံးခိုင်းပါနဲ့ဗျာ
အဲဒီအပြုံးတွေ လက်ခံဖို့တောင်
ပျင်းလွန်းလို့ .. အရည်ပျော်ကျနေတာ
ရပ်ကွက်ထဲမှာ
နွေခေါင်ခေါင်ကြီး ရေကြီးနေလေရဲ့ ။ ။
မိုက်တယ်ဗျို့..

commentinfo By: အသဲကွဲမိုး at Nov 23, 2010
Comment #11

A yann mike de.
Han saung pyone tway mone de.

commentinfo By: ei lay at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment