Professional Authors

ဆုံဆည်းခွင့်

မင်းနဲ့ငါ ဒီဘ၀မှာ
ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့
ဲပြိုင်မျဉ်းနှစ်ကြောင်း မဖြစ်ချင်ဘူး

အမှတ်ကလေးတစ်စက်မှာ
ခဏတာတော့
ဆုံဆည်းခွင့်ရသွားတဲ့
ဖြတ်မျဉ်းလေးတစ်ကြောင်းပဲ
ဖြစ်လိုက်ချင်တယ်

အဲဒီ့ … မျှော်လင့်ချက်ကို ပါးစပ်က
ထုတ်ဖော်မပြောခဲ့လို့
လေထဲမှာတော့ လွင့်ပြယ်မသွားလောက်ဘူး
ထင်ထားခဲ့တာ

နောက်ဆုံးတော့လည်း
ရလဒ်က
ရင်ထဲက အသံဆိုတာ
ကိုယ်ပဲကြားရတာဆိုတော့
သူမသိဘူးပေါ့လေ … ။

In: ကဗျာ Posted By: Date: Nov 3, 2012
Comment #1

🙂

commentinfo By: ei lay at Nov 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment