Professional Authors

မင်းပျော်ရွှင်မှုအများစုက ငါ့ကြောင့်ဟုတ်ခဲ့ပါသလား

မင်းမသိဘူး
မင်းပြောခဲ့တဲ့ စကားလုံးတိုင်းက
ငါ့မနက်ဖြန်အတွက်
အင်အားတွေမှန်း

မင်းမသိဘူး
ငါ့အတွက်တော့ မင်းက
အရာရာဆိုတာ

မင်းမသိဘူး
အဝေးရောက် မင်းအတွက်
စိတ်ပူလွန်းလို့
ညတိုင်းဆုတောင်းပေးခဲ့တာတွေ

မင်းမသိဘူး
ငါဘယ်လောက်စိတ်ညစ်ညစ်
မင်းကိုမပြောဘဲ
ပျော်သလိုနေခဲ့တာတွေ
မင်းစိတ်မကောင်းဖြစ်သွားမှာစိုးလို့

မင်းမသိဘူး
မျှော်နေမှာမဟုတ်တဲ့ မင်းဆီ
ငါဖုန်းဆက်တိုင်း ရင်ထဲက
ကျိတ်ငိုနေရတာတွေ

ဒါတွေငါပြောမပြခဲ့ဘူး
မင်းမသိခဲ့ဘူး
ငါဟာမင်းထက်
ခံစားချက်တွေ
သိုသိပ်တတ်တယ်ဆိုတာ
မာနတွေမထားခဲ့ဘူး
မင်းအတွက်ဆိုတဲ့ စိတ်ထဲက
စေတနာ နှလုံးသားမှာ
ထာဝရ မြဲခဲ့တယ်

မင်းပြောတဲ့ သံယောဇဉ်ဆိုတာ
ပြတ်ရတာတော်တော်
လွယ်တယ်ဆိုရင်
ငါနောက်ဆုံးစကားသုံးခွန်းမေးပါရစေ

မင်းပျော်ရွှင်မှုအများစုက ငါ့ကြောင့်ဟုတ်ခဲ့ပါသလား
မင်းကြောင့်ကျတဲ့ ငါ့မျက်ရည်တွေ မြင်ခဲ့ဖူးပါသလား (ငါမင်းရှေ့မှာမငိုခဲ့ပါ)
မင်းငါ့ကို မုန်းနိုင်လို့လား

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

သိကောင်းတဲ့ကဗျာလေးပဲ…………..
လူတွေမှာ ခံစားချက်ရှိလာရင် တနည်းတဖုံနည်းအမျိုးမျိုးနဲ့
ပေါက်ကွဲတတ်ကြတာပဲ
ဒီကဗျာလေးဟာခံစားချက်ကို ဦးစားပေးပြီ ဖွဲဆိုထားတဲ့အတွက်
ကဗျာရဲ့ရသကိုပီပြင်စေပါတယ်
ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ ကျွန်တော့ခံစားချက်နဲ့တူလို့လေ

commentinfo By: kyawhtwe at Jun 2, 2010
Comment #2

မင်းမသိဘူး
မင်းပြောခဲ့တဲ့ စကားလုံးတိုင်းက
ငါ့မနက်ဖြန်အတွက်
အင်အားတွေမှန်း…
မင်းမသိဘူး
မျှော်နေမှာမဟုတ်တဲ့ မင်းဆီ
ငါဖုန်းဆက်တိုင်း ရင်ထဲက
ကျိတ်ငိုနေရတာတွေ…
မင်းမသိခဲ့ဘူး
ငါဟာမင်းထက်
ခံစားချက်တွေ
သိုသိပ်တတ်တယ်ဆိုတာ…

အဲ့ဒီအပိုဒ်လေးတွေ ကြိုက်တယ် ……

commentinfo By: ဖူးမေ at Jun 3, 2010
Comment #3

ကောင်းတယ်
ဘယ်လိုပြောရမလဲ
ခံစားချက်ကိုဖွင့်ပြတာ
ဖတ်စေချင်တဲ့သူ ဖတ်ရရင်
you ပိုကျေနပ်မယ်ထင်တယ်

ကျွန်တော့ မိန်းမကတော့
သိအောင်ပြောပြတယ်
ဒါကြောင့် you ရဲ့ကဗျာကို ခံစားလို့ရတယ်
သူ့ကိုလဲပြောပြလိုက်ပေါ့

commentinfo By: kokozaw at Jun 3, 2010
Comment #4

ပြောချင်လည်း ပြောပြလို့မရတော့တဲ့
အခြေအနေတွေ ရှိနေတယ်လေ….

commentinfo By: Snowflake at Jun 3, 2010
Comment #5

မင်းရဲ့ ကဗျာလေးကကောင်းတယ်
ခံစားချက်ရှိတဲ့ သူတွေတိုင်း
တိုက်ဆိုင်သလိုရှိခဲ့ ရင်
ဖတ်ရတာheart ကိုထိကြတာဘဲ
ူyou ရဲ့ ကဗျာကတော့ကျွန်တော်နဲ့ 
တထပ်တည်းဘဲ
လောကမှာဒီလိုလူတွေပေါတယ်နဲ့ တူတယ်

commentinfo By: အတ္တ္တ at Jun 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment