Professional Authors

အသိထူးလှ သီတင်းကျွတ်လ

 

အသိထူးလှ သီတင်းကျွတ်လ

 

ဒီနေ့ဟာ လောကကြီးရဲ့ ဦးခိုက်ရာဖြစ်သော မြတ်စွာဘုရားရှင်သည် ခြောက်ဝါအလွန် ခုနှစ် ဝါမြောက်တွင် မွေးမိခင်ဖြစ်ခဲ့ဖူးတဲ့ မယ်တော်မိနတ်သားရဲ့ ကျေးဇူးတွေကို အမြိုက်တရား အမြတ်တရား အဘိဓမ္မာဖြင့် ပေးဆပ်ပြီးသောနေ့ဖြစ်သလို အဘိဓမ္မာနေ့လည်းဖြစ်(သို့မဟုတ်) ဥပုသ်သီလ အကျင့်တရားတို့ဖြင့် ကျင့်ကြံပွားများကြသော သူတော်ကောင်းတို့၏ ကျွတ်တန်း ဝင်ရောက်သောနေ့ ဝါလ ကင်းလွတ် သီတင်းကျွတ်လပြည့်ပင် ဖြစ်သည်။

 

 

မြတ်ဗုဒ္ဓ၏ သာသနာ့ရင်ခွင် ပုခတ်တွင်းမှာ မွေးဖွားကြသော သူတော်စင် အပေါင်းတို့ ဒီနေ့ဟာ မြတ်စွာဘုရားရှင်သည် မိခင်ကျေးဇူးဆပ်ပြီးနောက် နတ်ပြည်မှ လူပြည်သို့ ပြန်လည် ကြွတော်မူသောနေ့၊ အဘိဓမ္မာနေ့၊ အသက်ကြီးပူဇော်ပွဲနေ့၊ မီးထွန်းပွဲတော်နေ့၊ နိဗ္ဗာန်ဈေး ပွဲတော်နေ့၊ ခေါင်းဆေးမင်္ဂလာနေ့၊ မင်္ဂလာအပေါင်း ခညောင်းသောနေ့ပင်ဖြစ်သည့် အတွက် အောက်ပါ တရားတော်ဖြင့် ဂါရဝပြုလိုက်ပါသည်။

အပ္ပမတ္တော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနီ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

Not very far goes the fragrance of flowers, even that of rose-bay or of sandalwood; but the fragrance of virtuous people is supreme, reaching even to the abodes of the Devas (gods).

တောင်ဇလပ် စန္ဒကူးပန်းတို့၏ ရနံ့သည် မပြောပလောက် အနည်းငယ်လောက်မျှလောက်သာဖြစ်၏။ သီလရှိသော သူတို့၏ သီလရနံ့သည်သာ ထူးကဲမွန်မြတ်သည်ဖြစ်၍ အထက်ဘဝဂ် နတ်ပြည်ထိ ပြန့်နှံ့၏။

အထက်ပါ ဓမ္မပဒ အပ္ပမာဒဝဂ္ဂ (၅၆) ခုမြောက် ဂါထာလေးဖြင့် ဒီနေ့ ဝါလ ကင်းလွတ် သီတင်းကျွတ်လပြည့်မှာ သီ ကျွတ်ပေမဲ့ သီ မချွတ်ပါစေနဲ့လို့ ဆုတောင်း မေတ္တာပို့ရင်း နိဂုံးချုပ်လိုက်ပါသည်။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 30, 2012
Comment #1

🙂
🙂
🙂

commentinfo By: ei lay at Oct 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment