Professional Authors

မညီမျှခြင်းသို့ …………………….

သေချာနားစိုက်ထောင်ပေမယ့်

စကားသံတွေက တိုးတိတ်လွန်းတယ် …

ရေရာမှုတွေ လစ်လပ်ခဲ့တာမဟုတ်ပါဘူး

သေချာခြင်းကို သီချင်းလုပ်ဆိုဖို့

တစ်ခဏလေး မေ့လျော့ခဲ့ရုံပါ …

အပိုင်းအခြားတွေ သေချာမသိခဲ့ပေမယ့်

အဲဒီအရပ်က အဝေးကြီးဆိုတာ

ငါမှန်းဆခဲ့ရုံပါ …

လေပြည်ညင်းတွေ တိုက်ခတ်တိုင်း

တစ်ချိန်က ညနေခင်းက ပြန်ပြီးအသက်ဝင်နေသလိုပါပဲ …

ချစ်သူရေ …

တကယ်တော့ ငါဟာ ကန္တာရ ထဲက

ငါးလေးတစ်ကောင်ပါကွယ် …

အဆုံးသတ်ကို သိရဲ့သားနဲ့

ကိုယ့်မျက်ရည်ထဲမှာ ကိုယ်ကူးခတ်နေရင်း

နင့်ကိုအမြဲ ပျော်နေစေချင်ခဲ့တာ

အဖြူရောင်တွေ စွန်းထင်းနေတဲ့ ငါ့ရဲ့ အတ္တတစ်ခုပါကွယ် …

ပြောင်းလဲနေတဲ့ အချိန်နာရီတွေအောက်မှာ

တစ်စုံတစ်ယောက်ကို အချိန်တိုင်း မှန်းမျှော်နေတယ်ဆိုတာ

မပြောင်မြောက်တဲ့ ဟာသတစ်ခုလို့ နင်ထင်ကောင်းထင်လိမ့်မယ် …

သတိရနေရဲ့လားလို့ နင်ငါ့ကို

တစ်ခါမှ မေးမကြည့်ဘူးတာ

ငါမအံ့သြတတ်ခဲ့တော့ပါဘူး …

အကြောင်းအရာတွေ မရှိပေမယ့်

အချိန်ရှိတိုင်း ငါနင့်ကိုလွမ်းတယ် …

နင်မရှိတဲ့ မနက်ခင်းတွေ

နင့်စကားသံတွေ မကြားနိုင်ခဲ့တဲ့ ညနေခင်းတွေ

အခုချိန်မှာ နင့်ကိုပဲ စိတ်ကူးရင်း သတ္တိရှိရှိဖြတ်သန်းနေပါတယ် …

မညီမျှခြင်းရဲ့ တစ်ဖက်တစ်ချက်မှာ

ငါ့ခံစားချက်တွေ နင်နားလည်ဖို့ကတော့ ……………………..

 

 

 

In: ကဗျာ Posted By: Date: Oct 29, 2012
Comment #1

နင်မရှိတဲ့ မနက်ခင်းတွေ

နင့်စကားသံတွေ မကြားနိုင်ခဲ့တဲ့ ညနေခင်းတွေ

အခုချိန်မှာ နင့်ကိုပဲ စိတ်ကူးရင်း သတ္တိရှိရှိဖြတ်သန်းနေပါတယ် …

မညီမျှခြင်းရဲ့ တစ်ဖက်တစ်ချက်မှာ

ငါ့ခံစားချက်တွေ နင်နားလည်ဖို့ကတော့ ……………………..
ကြိုးစားရမှာပေါ့နော်
အားပေးသွားပါတယ်…အပိုလိုရေ…

commentinfo By: ချမ်းငြိမ်းအောင် at Oct 30, 2012
Comment #2

So much touching

commentinfo By: ei lay at Oct 30, 2012
Comment #3

!__!
!__!
!__!

commentinfo By: ei lay at Oct 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment