Professional Authors

မေမေ ပြောတော့ လိမ်ရင် ငရဲကြီးတတ်တယ်ဆို . . .

သမီးအတွက် ကစားစရာအရာရုပ်တွေ အများကြီး ၀ယ်ခဲ့မယ်တဲ့

သမီးစားဖို့ မုန့်တွေလည်း ၀ယ်ခဲ့မယ်တဲ့

ကျောပိုးအိတ်လှလှလေးနဲ့ဂါဝန်အသစ်လေးလည်း ၀ယ်ခဲ့မယ်တဲ့

အိပ်ပါညီမလေးရယ် . . .ကိုကြီး ရှိတယ်၊မကြောက်နဲ့တဲ့

သမီးလို သေးသေးလေးလည်း ဟုတ်ဘဲနဲ့

ကိုကြီး ငိုတယ်သိလား။

 

သမီးနိုးလာတော့ ကိုကြီးလည်း မရှိတော့ဘူး။

 

သမီး ကိုကြီးကို စောင့်နေတာ

သမီး ကကြီးခခွေးတန်းတက်ရင် ကျောပိုးအိတ်လှလှလေးနဲ့

ကျောင်းသွားရမှာလားဟင်

ဂါဝန်အသစ်လေးကို ရွှံ့တွေနဲ့ကစားတဲ့အခါ ၀တ်လို့ရလားဟင်

မုန့်တွေကို ၀တုတ်လေးကို `အို့ အို့ အို့ အို့´လို့ ခေါ်ပြီး ကျွေးမယ်နော်

 

ကိုကြီးက ဘယ်နေ့ ပြန်လာမှာလဲမေမေ။

 

                                                                                     ကိုသျှား

In: ကဗျာ Posted By: Date: Oct 23, 2012
Comment #1

Really feel sorry

commentinfo By: ei lay at Oct 24, 2012
Comment #2

When is He coming back ? I wanna know too.

commentinfo By: May Kha at Oct 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment