Professional Authors

ရောင်းစားခဲ့ တဲ့ ကဗျာ

အခင်းအကျင်းကောင်းတဲ့ အတ္တနဲ့ 
လူသက်တမ်းတွေ
အဖုံးပိတ်ပစ်ခဲ့ ရမှု့ များ
တခါတလေ
အတုအယောင်က
ပိုပြီးအဓိပ္ပါယ်ပြည့် နေတက်တော့ 
သူတော်ချင်း
သတင်းလွေ့ မိတာဆန်းလား
ဘုတ်နဲ့ ကျီးလို
တစ်ကောင်နဲ့ တစ်ကော င်
ကျီစယ်စကားများဆိုခဲ့ ရ
ရင်ထဲက
အစိုင်အခဲ တွေကို
တခါတစလေ
ဖန်ခွတ်ထဲထည့် ဖျော်ပြီ
ကျေနပ်ပစ်လိုက်တယ်
လူမိုက်အားပေးစကားလုံးများ
သိပ်ချိုမြိန်တာပဲ
အခွံဆိုတာ
ဘာမှမထည့် လို့ ဖြစ်နေရတာမှန်း
လွယ်လွယ်လေးနဲ့ 
ခတ်နေခဲ့ 
အကြားနာခံရတဲ့ ဘ၀ဟာ
နေရသိပ်ဆိုးလို့ 
ကိုယ့် သဘောနဲ့ ကိုယ်
ကဗျာဆရာလုပ်တာ
အနုပညာအတွက်
အစာအိမ်များကြမ်းတမ်းတဲ့ 
ကဗျာဆရာများ
ရိုးပြတ်တွေကို
ထမ်းပြီးပြုံးနိုင်တာ
အံ့ ရော
ဦးချောရေ
အစာအိမ်ကိုညာလို့ မရလို့ ပါ
ဒီကဗျာဟာ
ငွေငါးထောင်နဲ့ လဲ
တန်ဘိုးညီမျှတယ်လို့ ပြောလို့ ရတယ်တဲ့ 
ကဲ
စကားလုံးတွေကို
တာဝန်ယူနိုင်ဖို့ 
ရှဉ့် လဲလျှောက်လာတယ်
ပျားလဲစွဲလိုက်ပါ

                                           မင်းလူန

In: ကဗျာ Posted By: Date: Oct 20, 2012
Comment #1

Phat shu arr pay twar par de

commentinfo By: ei lay at Oct 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment