Professional Authors

ဒဏ်ရာတွေနဲ့ပျိုမြစ်သူ (သက်ထွေး)

ငါက
ဒဏ်ရာတွေနဲ့
ပျိုမြစ်နေသူ …

သောကကို
နွားလုပ်ကျောင်းလို့
မာနပုလွေတစ်ချောင်းနဲ့
ဘဝလယ်ကွင်းထဲ
ထွက်လာခဲ့သူ ..

ဒုက္ခတွေသာ
တူးဆွပြီးစားသောက်လို့ရမယ်ဆို
ငါဟာ ဘယ်တော့မှ
ထမင်းငတ်မှာ မဟုတ်တောဘူး ။

လောကရေ …
ငါ့မျက်လုံး တစ်ဖက်အတွက်
အစားပြန်မတောင်းခဲ့ဘူးနော် ..
တစ်ချိန်ကျရင်
ကျားကွက်ရဲ့သဘောကို
မင်းနားလည်မှာပါ။

ကိုလံဘတ်စ်(columbus)
မဟုတ်ရပါဘူး ……
ညှီစော်တွေနဲ့ပြည့်နှက်နေတဲ့
အချစ်
နယ်မြေသစ်ကိုတော့
ငါရှာဖွေလို့ တွေ့ခဲ့ဘူးတယ်။

လက်ညှိုးကို
ထိုးဖို့သက်သက်သာ
သိတတ်တဲ့လူတွေကြား
လက်သန်းလေးဖြစ်ရတာကိုပဲ
ဂုဏ်ယူချင်မိခဲ့ …

အမေ့သား
မျက်ရည်တွေကို ရေလို
သောက်ခဲ့ပါတယ် ..
မုန်တိုင်း နဲ့တူတဲ့သားမို့
ပြန်ခါကြ
ဆီးနှင့်လို့ မကြိုပါနဲ့။

သက်ထွေး
၂၃၊ဇူလိုင်၊၂၀ဝ၇

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

ငါက
ဒဏ်ရာတွေနဲ့
ပျိုမြစ်နေသူ

လက်ညှိုးကို
ထိုးဖို့သက်သက်သာ
သိတတ်တဲ့လူတွေကြား
လက်သန်းလေးဖြစ်ရတာကိုပဲ
ဂုဏ်ယူချင်မိခဲ့ …

အဲဒါပဲ ကြိုက်တယ်လို့ပြောတာဟုတ်ဘူး။ တစ်ပုဒ်လုံးအပြင် အဲဒါလေးကို ပိုကြိုက်တယ် ပြောချင်တာာာာ.. (:
clappingggggggggg (: one of my forever favorite

commentinfo By: ဖြိုးဖြိုး at Nov 2, 2010
Comment #2

nice

commentinfo By: နွေးနွေး at Nov 2, 2010
Comment #3

ကြိုက်တယ်ဗျာ… အဲဒီလိုမျိုး ရေးတတ်ချင်တာ ..တကယ်လေးစားပါတယ် ကဗျာဆရာ

commentinfo By: 13th at Nov 29, 2012
Comment #4

🙂

commentinfo By: Wa Na at Apr 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment