Professional Authors

လူမှား(မင်းလူန)

မလွယ်လောက်ဘူး
ဒီတစ်သံသရာလုံးမှာ
ကိုယ် တိုင်ပျောက်ရှတာလောက်
ခတ်တဲ့ အဖြစ်။
ခဏခဏကူးခတ်နေတဲ့ ကြားက
မျော်လင့် ချက်တို့ နစ်မြုပ်တဲ့ မနက်ဖြန်။
ဒီလူဟာ
မနှစ်သက်ခြင်းတွေကို
အပိုင်ထွေးပိုက်ခဲ့ သူလား
ဘယ်အရာကိုမှ
ဘယ်သူ့ ကိုမှ
ဘယ်တုန်းကမှစိတ်တိုင်းကျတယ်မရှိဘူး
အဲ့ ဒါတွေကြောင့် ပဲ
အဖြေမထွက်တဲ့ ပုစ္ဆာနဲ့ 
အမြဲသတ်ပုတ်လုံးထွေးရင်း။
………………………..
အားနည်းနေတဲ့ မြို့ ငယ်မှာ
သိုးမည်းတွေ
တစ်နေ့ ကိုဘယ်နှစ်ကောင်နှုန်း
မွေးဖွားခဲ့ ကြသလဲ
ခွင့် လွှတ်ပါမေမေ
အမှားတွေဟာကျနော့ ရဲ့ 
ကိုယ်ပိုင်သင်္ကေတတွေမို့ 
စိတ်ကို
ပိုးမွေးသလို
ပြုစုနေရတယ်။

                                  မင်းလူန

In: ကဗျာ Posted By: Date: Oct 19, 2012
Comment #1

Noone is perfect.

commentinfo By: ei lay at Oct 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment