Professional Authors

ရေလိုက်ငါးလိုက် (သက်ထွေး)

အဆင်မပြေခဲ့ရင်
ပြန်လာလဲပါ
မင်းကို သူတို့က
နှလုံးသား အပိုတစ်ခု
တပ်ဆင် ပေးကြလိမ့်မယ် ။

မျက်ရည်တွေမကျနဲ့
ဆီးနှင်းတွေ
ခမ်းခြောက်သွားခဲ့ရင်
မင်းဝှက်သွားတဲ့
ဖဲတစ်ချပ်ဟာ
ထောင့်ချွန်းအပို တစ်ခုပါလို့
သူတို့ ယူဆပေးကြလိမ့်မယ်။

မင်းနားမှာ
တပ်ဆင်ထားခဲ့တဲ့
မော်တာဟာ
ငါ့မျက်လုံးထဲက
သံစဉ်တွေကိုလာလို့
တီးခတ်နေလေရဲ့ …
စိတ်ရှိ လက်ရှိသာ
တားမြစ်လိုက်ပါ
ဒါဟာ ..
ကန့်သတ်နယ်မြေထဲ
တံခါးဖြစ်တယ် ။

မင်းလက်မှာ
ပေါက်တဲ့ ငါဟာ
ဆူးပါ …
တံတွေးဆွတ်ပြီး
မဖြေသိမ့်ပါနဲ့
ဒီမိုးကုန်ရင်
ငါ့အမိုးတွေ
ငါဖာပါ့မယ် ။

မင်း
အမွှေးတိုင်တွေ
ငါ့အပေါ်က
ဖယ်သွားပါတော့ ..
မင်းလိုချင်တဲ့ ဖြတ်ပိုင်းတွေက
မင်းကို
သာဓုတွေ ခေါ်ပေးကြလိမ့်မယ် ။

လိမ္မာပါတယ်
မင်းရယ်ဖို့အတွက်
ငါကဗျာတွေ ရေးပေးပါ့မယ် ။ ။

သက်ထွေး
မေလ ၃၁ ၂၀ဝ၈ ညနေ ၅း၃၀

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

(:
လိမ္မာပါတယ်
မင်းရယ်ဖို့အတွက်
ငါကဗျာတွေ ရေးပေးပါ့မယ် ။ ။
(: (: (:
ရယ်ဖို့အတွက်ဆိုပြီး
အသဲကွဲ ကဗျာတွေတော့ မရေးမိစေနဲ့ဦးနော်.. (:

commentinfo By: melodyphyO at Jun 2, 2010
Comment #2

လိမ္မာပါတယ်
မင်းရယ်ဖို့အတွက်
ငါကဗျာတွေ ရေးပေးပါ့မယ် ။ ။

အရမ်းခံစားရတယ်း(

commentinfo By: chocolate at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment