Professional Authors

ကောင်းကင်ငိုသံ (သက်ထွေး)

ကောင်းကင်ငိုသံကို
တိမ်တွေက
အရောင်ဖော်ပေးတတ် ကြတယ်။

မျက်ရည်တွေသီး
လျှပ်စီးတို့လဲ
ဝင်းလက်ပြီး
မာန်ထောင်တတ်ကြတယ်။

မကြာခင်
နေကအုပ်စိုး
အရိပ်မိုးလို့
ကာကွယ် ပေးရပြန်တယ်။

ကြယ်တွေက
စိတ်ဆိုး
မင်းက အတိတ်ဆိုး ကြီးတဲ့
ဒဏ်ရာတွေဖြည်ရင်း
ငါတည်ခင်း ရ ပြန်တယ် ။

ညမိုက်လေ “က”
စိတ်အစဉ် ခဏမှာ
ရေပြင်ကဖွေး
သံသရာနဲ့ ဝေးခဲ့ရပြီ။

သောကကိုတွဲ
လောက အလိုလည်း
ဖြည့်ဆည်း …
မောဟတို့လဲ
ဒေါသတို့နှင့်
အနေနီးခဲ့သည်။

သက်ထွေး
နိုဝင်ဘာ ၂၈ ၂ဝဝ၈
ည ၉း၅၅

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

မောဟတို့လဲ ဒေါသတို့နှင့်အနေနီးခဲ့သည်။။
ထပ်ကာရွတ်သွားတယ်..။။။

commentinfo By: အမရာ at Jul 20, 2010
Comment #2

မောဟတို့ လည်း ဒေါသတို့ နှင့် အနေနီး…

commentinfo By: Cho at Aug 11, 2010
Comment #3

ကောင်းကင်ငိုသံကို ခဏခဏ လာနားထောင်ဖူးပေမယ့်
အခုလာထပ်ပြီး နားထောင်သွားတယ်..
(((((((:
တစ်ခုလုံးကို ကြိုက်တယ်..

ကောင်းကင်ငိုသံကို
တိမ်တွေက
အရောင်ဖော်ပေးတတ် ကြတယ်။

/*အဲဒီ ပထမဆုံး ပိုဒ်လေးက ချစ်စရာလေး.. ရိုးရိုးလေးပေမယ့် တော်တော်သဘောကျတယ်.. */

commentinfo By: ဖြိုးဖြိုး at Apr 18, 2011
Comment #4

အားပေးသွားပါတယ်ကိုသက်ထွေးရေ

commentinfo By: yaewintaung at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment