Professional Authors

မြေကြီးနှင့် ကောင်းကင်ကြားမှ ကျဉ်းမြောင်း သိမ်ငယ်လွန်းသော

ဒါ ကဗျာ မဟုတ်ဘူး

ရာသီလဲလှယ်ပွဲမှာ

မွေးဖွားတဲ့ လိပ်ပြာရှိသလို

မျိုးသုန်းမဲ့ ပန်းပွင့်တွေလဲ ရှိမယ် ။   ။

 

အလျော်အစားကြမ်းလွန်းပေမယ့်

ခင်ဗျားတို့ ကျုပ်တို့ ကိုယ်တိုင်

ဒီဇာတ်လမ်းမှာ

ညကြေး တမ်းတရင်း . . .

မျက်နှာဖုံးစွပ်တွေနဲ့

ကကြ . . .ခုန်ကြ . .

.အော်ကြ . . .ငိုကြ . . .

နောက်တော့ရော .

အစက ပြန်

ကကြ . . .ခုန်ကြ . .

.အော်ကြ . . .ငိုကြ . . .

 

မှိန်တခါ မှိတ်တလှည့်

ဘ၀ရောင် ပြောင်ခြင်း မပြောင်ခြင်းထက်

ခေါင်းရှောင်ဖို့တော့ မတွေးလေနဲ့

ဒါ  . . .

တိုက်ထားတဲ့ ဇာတ်မဟုတ်ဘူး ။    ။

 

သွေးပျက်စရာ . . .

မြေကြီးသည် ကြောက်ရွံ့ခြင်းဖြစ်ပြီး

ကောင်းကင်သည် မျှော်လင့်ခြင်း တဲ့လေ

ဆိုကြပါစို့ရဲ့ . . .

ကြမ်းတမ်းတဲ့ မြေကြီးပေါ် လျှောက်လှမ်းရင်း

တစ်ခါ တစ်ခါ

(အမှန်တော့ အနှစ်သာရ အစိုင်အခဲမရှိတဲ့)

ပဟေဋ္ဌိ ဆန်ဆန် ကောင်းကင်ကိုပဲ

မော့ . .  မော့ . . . ကြည့်

ခလုတ်တိုက်မိတာလဲ ရှိမပေါ့ ။   ။

 

ဒါ ကဗျာမဟုတ်ကြောင်း

ခင်ဗျား ခံစားချက်က

သက်သေကောင်းဖြစ်လိမ့်မယ်

ရိုးသားစွာဝန်ခံရရင်

ခင်ဗျားရော. . .  ကျုပ်ရော . . .

ပလေးတိုးရဲ့ သမ္မတနိုင်ငံကို

မျှော်လင့်ချင်ပေမယ့်

ဆော့ခရတ္တိသောက်ခဲ့တဲ့

အဆိပ်ခွက်ရဲ့ ခြောက်လှန့်မှုကို

မလွန်ဆန်နိုင်သေးဘူး ။   

In: ကဗျာ Posted By: Date: Oct 17, 2012
Comment #1

ခင်ဗျားရော. . . ကျုပ်ရော . . .

ပလေးတိုးရဲ့ သမ္မတနိုင်ငံကို

မျှော်လင့်ချင်ပေမယ့်

ဆော့ခရတ္တိသောက်ခဲ့တဲ့

အဆိပ်ခွက်ရဲ့ ခြောက်လှန့်မှုကို

မလွန်ဆန်နိုင်သေးဘူး ။ ။
နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Oct 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment