Professional Authors

ဥပက္ခာ

ဥပက္ခာဆိုတာ………………………………………
အမုန်းဇာတ်လမ်းရဲ့………………………………..
အမြင့်ဆုံးတရား…………………………………….

မေ့ဖျောက်လိုက်တိုင်းသာ…………………………..
အမုန်းတရားတွေပြေပျောက်ခဲ့မယ်ဆိုရင်…………..
မီးရှို့ခံရတဲ့..စောလုံဆိုတာမရှိ……………………….
ရင်ကွဲနာကျတဲ့…စူဠသောဘဒ္ဒါဆိုတာရှိမှာမဟုတ်ခဲ့..

မိန်းမတွေဖျက်ရင်..………………………………….
ပြည်ပျက်တယ်ဆိုပေမယ့်…………………………..
ယောက်ျားတွေဖျက်တဲ့……………………………..
တိုင်းပြည်တွေဆိုတာ……………………………….
ရေတောင်..မရေတွက်နိုင်ခဲ့………………………..

လွမ်းစရာရှိရင်………………………………………
နာစရာနဲ့..အစားထိုးတဲ့လေ……………………….
ငါ့မှာတော့…………………………………………..
နာလည်းနာ….လွမ်းလည်းလွမ်း…………………..
လွမ်းနာကြီးကိုဖြစ်နေခဲ့ ……………………………

ဥပက္ခာဆိုတာ……………………………………..
အမုန်းဇာတ်ရဲ့…………………………………….
အမြင့်ဆုံးတရားတော်ဆိုတာ ……………။        ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Oct 15, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Oct 15, 2012
Comment #2

အရင်ဆုံးဖတ်လိုက်မိပါတယ်… ၀မ်းနည်းစရာကြီး… 🙁

commentinfo By: Zin Nwe at Oct 24, 2012
Comment #3

ငါ့မှာတော့…………………………………………..
နာလည်းနာ….လွမ်းလည်းလွမ်း…………………..
လွမ်းနာကြီးကိုဖြစ်နေခဲ့ ……………………………

တကယ်ပဲနော် အဲလိုကြီးခံစားရတယ်။။။။

commentinfo By: maymoe at Oct 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment