Professional Authors

တနင်္ဂနွေဖတ်စာ

မနက်မလင်းခင်ကတည်းက စိတ်ကို တအာအာ ထိုးဆိတ်နေကျ၊သွေးဆာနေတဲ့
ကျီးကန်းတစ်ကောင်။ဖွင့်ထားတဲ့ပြတင်းကနေ နေရောင်အစားထိုးပြဿဒါးတွေ
တွဲခိုဖြာကျ။

ကျွန်တော့်အဘိဓာန်မှာ တစ်ပတ်တစ်ခါ ကုသနေရတဲ့အနုစားစိတ်ရောဂါတစ်မျိုးလို့
ဖွင့်ဆိုတယ်။

အနာဂတ်ဆက်တိုင်း ကြိုတင်လုပ်ကြံခံထားရ။ဝေးမြဲ ဝေးဆဲ အေးခဲ . . .မသွားလိုက်ပါနဲ့။
ကျိန်စာ။လူနားလည်အောင် အများသုံးကဗျာစကားနဲ့ ဘယ်လိုပြောရမယ်။မယုံရင် ရင်ကိုသာ
လာခွဲကြည့်ပါတော့။လွမ်းနေရင်း ထိုင်စဉ်းစားစရာက စဉ်းစားနေရင်း ထိုင်လွမ်းနေဖို့ဘ၀။

ရေစီးသန်တဲ့မြစ် . . .အဲဒီလို အသံထွက်ကြည့်မိရုံ အာခေါင်တွေ နာကျင်အက်ကွဲ။
ရုပ်ရှင်လက်မှတ်နှစ်စောင်၊ပန်းခြံတစ်ခု၊နှစ်ဦးသားဆုတောင်း၊တွဲလက်၊ထီးတစ်ချောင်း၊
ကိုယ်မပိုင်ဆိုင်နိုင်တဲ့ကမ္ဘာငယ်။အကြောင်းမကြားရင် အကြောင်းမပြန်ဘူး။အကြောင်း
ကြီး/ငယ် ရှိ/မရှိ၊ဘယ်ငှက်မှ ပြန်မလာဘူး။

ခွေး မအူ၊ကြောင် မခြစ်၊ပုရစ် မမြည်။အူတွေ ခြစ်ခြစ်တောက် မြည်တယ်။
ထမင်းသိုးဟင်းသိုးတွေနဲ့ မရှက်မြိန်မြိန်၊အက်ဆစ်မိုးတွေ ရင်ပြိုကိန်းဆိုက်အောင်။
သူဟာ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ငါ့ခန္ဓာကိုယ်ပေါ် ဖြတ်လျှောက်၊သူ့ချစ်သူ
တနင်္ဂနွေဆီ။

ဘယ်သူ့ကိုမှ ရှုံးစေချင်လို့ရယ် မဟုတ်ပါဘူး။အာဆင်နယ် နိုင်စေချင်တာ တစ်ခုတည်းပါ။
ဒီလောက်ဆိုရင် တော်/သင့်ပြီ[ထင်ပါရဲ့]။

                                                                            ကိုသျှား

In: ကဗျာ Posted By: Date: Oct 14, 2012
Comment #1

He..he
Wow…
😀
😀
😀
😀
Many kinds of knowledges can receive at one sitting.
Really amazing creation

commentinfo By: ei lay at Oct 14, 2012
Comment #2

LIKE LIKE

commentinfo By: athaekwelmoe at Oct 14, 2012
Comment #3

right.. right..
မိုက်..မိုက်..မိုက်တယ်။
ဒီလောက်ဆို တော်သင့်ပြီထင်ပါရဲ့
ကိုသျှားကို အစဉ်လေးစားလျှက်
ကတုံးလေး။

commentinfo By: gadounlay at Oct 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment