Professional Authors

မေးထူးခေါ်ပြော ..အစားသုံးခံခြင်း (သက်ထွေး)

သူမနဲ့ပတ်သက်လာရင်
အကုပ်အတွယ်မရှိတဲ့
အမြစ်လိုပဲ ..
အတွယ်အတာမဲ့ နိုင်လွန်းလှတယ်။

စောင့်စားခြင်းဆိုတာ
ဘယ်လို ခရီးမျိုးများလဲကွယ်…
လေတစ်ဝှေ့နဲ့ပဲ
လက်တစ်ကမ်း လွဲချော်ခဲ့ရ ..
မီးကိုတိုးမဲ့
ပိုးဖလံမျိုးမို့
အခမ်းနားဆုံး
ကျွန်တော် ပြင်ဆင်ခဲ့ပါတယ် ။

မျက်နှာတစ်ချက်
လွှဲလိုက်ကြယုံနဲ့
ကျွန်တော်တို့ နှစ်ယောက်
နံရံတစ်ဖက်ဆီက တစ်စိမ်းတစ်ရံ များဖြစ်ခဲ့ကြရ
မေးထူးခေါ်ပြော တိုင်ပင် ချစ်ခင်ခြင်းတို့
ယာဉ်ကြော တစ်သိုက်လို
အကျအနပိတ်ခဲ့ရတယ် ။

ဘယ်ဆီမှ မဆိုက်မဲ့
ရထားတစ်စင်းကို
ကျွန်တော်ဟာ လှော်ခတ် …
ချစ်ခြင်း
လွမ်းဆွေးခြင်း
တပ်မက်ရယူလိုခြင်း
ခံနိုင်ရည်မဲ့ခြင်းများအား
လက်ပြနှုတ်ဆက်ပြီးနောက် ..
ဧဒင်ဥယျာဉ်ထဲက
ပန်းသီးတစ်လုံးလို
သူမနှုတ်ခမ်းထက်
ချိုမြိန်စွာ စားသုံးခံခဲ့တယ်။

သက်ထွေး
ဇန်နဝါရီလ ၁၆ရက် ည ၆း၃၉

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

ဘယ်ဆီမှ မဆိုက်မဲ့
ရထားတစ်စင်းကို
ကျွန်တော်ဟာ လှော်ခတ် … (:

အဲလိုသာဆို
အဲဒီကဗျာထဲက ကျွန်တော် တော့ မောနေတော့မှာပဲ.. (:
တွေးမိတာပါ..

commentinfo By: melodyphyO at Jun 2, 2010
Comment #2

ပန်းသီးက တစ်လုံးလုံး ကျွေးလိုက်တာလားဟင်… 😛

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #3

မျက်နှာတစ်ချက်
လွှဲလိုက်ကြယုံနဲ့
ကျွန်တော်တို့ နှစ်ယောက်
နံရံတစ်ဖက်ဆီက တစ်စိမ်းတစ်ရံ များဖြစ်ခဲ့ကြရ
မေးထူးခေါ်ပြော တိုင်ပင် ချစ်ခင်ခြင်းတို့
ယာဉ်ကြော တစ်သိုက်လို
အကျအနပိတ်ခဲ့ရတယ် ။

အကြိုက်ဆုံးအပိုဒ်ပဲ အကိုရေ..ဂွတ်မှဂွတ်..။။။

commentinfo By: အမရာ at Jul 20, 2010
Comment #4

စောင့်စားခြင်းဆိုတာ
ဘယ်လို ခရီးမျိုးများလဲကွယ်…
လေတစ်ဝှေ့နဲ့ပဲ
လက်တစ်ကမ်း လွဲချော်ခဲ့ရ ..
မီးကိုတိုးမဲ့
ပိုးဖလံမျိုးမို့
အခမ်းနားဆုံး
ကျွန်တော် ပြင်ဆင်ခဲ့ပါတယ် ။
ဒီအပိုဒ် ကို ကြိုက်၏

commentinfo By: dunknow at Sep 7, 2010
Comment #5

စာသားတွေ ကပြောင်မြောက်လှပါပေတရ်
ကဗျာရေးတာ အရမ်းတော်၏ နှိုင်းပြထားတဲ့စာသားတွေ တဲ့လန်းပါတရ်

commentinfo By: ayeayethi at Sep 10, 2010
Comment #6

ကိုးလောက်တယ်ဗျာ

commentinfo By: sharon myorr myor at Mar 21, 2012
Comment #7

ဘယ်ဆီမှ မဆိုက်မဲ့
ရထားတစ်စင်းကို
ကျွန်တော်ဟာ လှော်ခတ်

commentinfo By: cherry4cheery at Sep 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment