Professional Authors

အထီးကျန်ကဗျာဆရာ(မင်းလူန)

…အထီးကျန်ကဗျာဆရာ……….

ဝါကျွတ်ပြီအမေ
မီးတွေထိန်ထိန်လင်းနေတဲ့ လမှာလဲ
ဝဋ်မကျွတ်သေးတဲ့ လူပျိုကြီးကဗျာဆရာအတွက်
မေတ္တာတွေမှောင်တဲ့ လမ်းမှာ
ခုထိ
ယောင်မှားလူးလဲလို့ ပေါ့ 
…………….
အထီးကျန်ခြင်းသစ်တစ်ပင်နဲ့ 
အကျီးတန်တဲ့ ဝတ်ရုံကိုခြုံထားတဲ့ ကဗျာဆရာ
ပိုင်ဆိုင်မှု့ တွေချခင်းကြေးဆိုရင်
လောကရဲ့ အနာအဆာတွေကုသဖို့ 
ဒိုင်ယာလော့ ခ်တွေနဲ့ 
နှလုံးသားတစ်စုံသာမားမားမတ်ခဲ့ သူပါ
…………..
ဘယ်သူမှမချစ်သေးရင်လဲနေ
ကဗျာတွေ
ရင်ဘတ်ကထွက်ကျလို့ ရသမျှ
ကျွန်တော့် အနုပညာ
ကျွန်တော်ပြန်ပြန်မှီခွင့် ရနေတာကိုက
တစ်ကယ်ပဲ
ကျေနပ်စရာပါအမေ………
…………………..
လူ
နှလုံးသားနဲ့ 
လောကဖြစ်စဉ်များ
ဒီတ၀ါလဲ
အရင်လိုပါပဲ
ပူဆဲ
လွမ်းဆဲ
နာကျင်ဆဲ
………………….
……………………
မင်းလူန

In: ကဗျာ Posted By: Date: Oct 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment