Professional Authors

အမည်ခံ “မင်းကိုချစ်တဲ့သူ”

“ဘယ်လိုလဲ” ဆိုတဲ့ အမေးတွေနဲ့

တစ်နေ့ပြီး တစ်နေ့ဖြတ်သန်းခဲ့တာ

ငါ့ကိုငါ ဘာလိုနေလဲဆိုတာ

အဖြေရှာမရခဲ့ဘူး…

 

အကြောင်းကံနဲ့ အတ္တ မာန်မာနတွေ

ဆုံဆည်းချိန်မှာတော့ ငါ့ကိုလဲ

လူဗြိန်းဆန်ဆန် ကံကြမ္မာကို 

အပြစ်ဖွဲ့လို့ တောင်းပန်ပါရစေ….

 

ဘ၀တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တာ

အချစ်တဲ့လား…ငါ့အတွက်တော့ 

ဖြောင့်မတ်အောင် လျှောက်လှမ်းနေရတာ

ပင်ပန်းလှပါတယ်…

 

ဘ၀နှစ်ခုပေါင်းတာ စည်းချက်ညီဖို့

လိုမယ်ဆိုရင် ခဏလောက်အနားပေးပါ

ငါ့ရဲ့ ခြေထောက်နှစ်ဖက်ကို

စီးချက်ညီအောင် လျှောက်ကြည့်ပါရစေ…

 

ကောင်းကင်ယံမှာ စကားလုံးတွေပလူပျံနေတယ်

အတူထားရှိခဲ့တဲ့ ကတိတွေကတော့

တနှစ် တနှစ်နဲ့ နှစ်ချို့နေခဲ့ပြီပဲ

အချိန်ဆိုက ဖြေဆေးတဲ့လား

ကုစားသူမရှိတဲ့ နှလုံးသားကိုတော့

‘အမည်ခံ’ အဖြစ်နဲ့ပဲ 

သေနှစ်စေ့ခဲ့ပါပြီ….

In: ကဗျာ Posted By: Date: Oct 7, 2012
Comment #1

လေးလေးစားစားဖတ်သွားပါတယ်ဗျာ

commentinfo By: loafer at Oct 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment