Professional Authors
The FOOL’s BAG
မိုးပြိုပါပြီဆိုမှ နေမင်းကို ထီးနဲ့ ဝှက် အရုပ်ဖွက်တမ်းတွေကစားနေမိ တည့်တည့်ထိုးကျလာတဲ့
ကောင်းကင်ဟာတခြမ်းပဲ့ကြီးဘ၀နဲ့တိတ်ဆိတ်/တရားခံရှာနေသူ လမင်းရယ် တရားလို
ကြယ်စင်တွေရယ် မဆိုင်သလိုမပြိုင်သလိုတောက်တောက်ပပလင်းလက်နေတယ်
မစို့မပို့ လင်းနေတဲ့ ပိုးစုန်းကြူးရယ် မင်းအဝေးသွားပါကွယ် 2012ရဲ့စက်တင်ဘာမှာ
ပယ်ဖျက်ထားစမ်းပါလား နောင်တတွေနဲ့ လူအဖြစ် ဟိုးးးးမှေးမှေးမှိန်မှိန်နေရာ တစ်ခုမှာ ငါရှိမယ်
မနက်ခင်းတွေကို နောင်တတွေထဲထိုးကြိတ်သိပ်ထည့် ခေါက်ရိုးတွန့် အကျိုးအကြေတွေနဲ့
ကံစမ်းကြေးဆိုပြီး တဲရော့ကဒ်အဆွဲငါဟာ အရင်တုန်းကလို ပဲ ..fool card ပိုင်ရှင်ဖြစ်နေဆဲ
ဒါငါ မှတ်ပုံတင်ထားစရာမလိုဘဲ အော် တို ကျ လာတဲ့ လက်မှတ်တစောင်ပေါ့ အရာရာထက်
တန်ဖိုးထားပါတယ် အရူးဘ၀မှာ န၊ံပါတ်လှဖို့ မှမလိုအပ်ပါဘဲ  ဖုန်းသံတွေမြည်နေတယ်
ဟလိုဟလိုဟလိုတကယ် မဟလိုဘဲ ဟလိုတွေတန်းစီနေခဲ့ အတုတွေပဲရမယ်ဆိုလို့ ကတော့
အစစ်တွေပါ စွန့်  ပြစ်လိုက်မယ့်ကောင်ဒီကောင်ကြီးက ဒီ့ထက်မကတွေလည်း မပိုင်ဆိုင်ချင်တတ်ခဲ့ဘူး
ရှေ့သူက အရှေ့မှာလျှောက် အနောက်ကလူကအနောက်လိုလျှောက် ဒီလိုနဲ့ ဘေးကလူကျွန်တော်
ကန့်လန့်ကောင်ကြီးအဖြစ်နဲ့ ဘ၀ကို ဇောက်ထိုးဆွဲ
ဘောပင်လေးလှုပ်နေတယ် ဘောပင်လေး စဉ်းစားနေတယ် ..ဘောပင်လေးရပ်သွားပြီ ဟုတ်တယ်
အဲဒါ ဘယ်သူလည်းဘောပင်နဲ့လူနဲ့တွဲနေတော့ သိပ်ကြောက်စရာကောင်းတယ် မမီ လို့  တဲ့
ဂိတ်မရောက်လိုက်ဘူး ချန်ရင်းချန်ရင်းကျန်နေခဲ့တယ်ခင်ဗျားရေးသလောက်တော့ …
ဘာညာဘာညာ မလိုအပ်ဘဲ ကျည်ဆံတွေသိပ်မထုတ်နဲ့ ဒါလည်းပြစ်မှုတခုပဲ မသိဘူး မသိလိုက်ဘူး ..
အတော်ညံ့တဲ့သူ . လက်ဖ၀ါးလေးတွေက မဖွံ့ဖြိုးသေးဘူး မာယာတွေက ကမ်းကုန်
စကားဆုံတိုင်းကြွားခံရတာတွေလည်းများလာ လူ့ သဘာဝဆိုပြီး အခါးတွေကိုအန်အန်ချ နဘေးမှာ
အန်ဖတ်တွေအပုံလိုက် လက်ခုပ်မတီးလို့ တဲ့ အပြစ်တပ်ခံရသေး
ဖောင်းပွနေတဲ့ စားသုံးမှု တစ်ခုဟာ အချစ် ဘာမှမပါလည်းဖြစ်သတဲ့ဆိုကာ သစ္စာတွေထပ်
မေတ္တာတွေတပ် ဘာတွေမှန်းကိုမသိဘူး ဟုတ်လား အဲဒါသတင်းစာလား ဘာမှမပါဘူးနော်
စာတွေရေးထားတာ အလကားတွေပါပဲ မဖတ်တတ်ဘူးဗျာမုသားတွေကိုဆိုတော့ 
လောလောဆယ်တင် မုသားတွေဖောင်းပွသွားပြန်ပြီ. သူစားတာလည်း မုသား
ငါစားတာလည်းမုသား မုသားခြင်းတူတူတစ်မူးလျော့သွားလိုတဲ့ ချောင်ထဲမှာတကောင်ထဲမှောင်လို့ 
များပြီ များပြီ များသွားပြီ မခံစားနိုင်တော့ ဘူး ဆိုပြီး ဟိုဘက်လှည့်တယောက်ထဲ ရယ်နေတတ်သေး
ဟိုယောင်ယောင် သည် ယောင်ယောင်နဲ့ ဘာမှမပေါက်ရောက် အဲ့ဒါဘာလည်း မသိမသိတော့ဘူး .
လင်းဆွဲတွေခေတ်ထဲမှာ မတ်တပ်ရပ်နေခဲ့တာကိုက အမှား တိတ်တိတ်လေးနေဖို့ တဲ့ အမေကတော့
သင်ခဲ့ရှာတာပဲပါးစပ်ကမပိတ်နိုင်သေးတာကခက် သူ့ကျော ကိုယ့် ကျော လျှင်သူကျောနေတဲ့
စည်းကမ်းမဲ့တွေဟာ လမ်းပေါ်တပ် မတ်တပ်တွေရပ် နှေးတဲ့ကောင် ကျန်ခဲ့မယ့် နေရာဟာ
လောကဆိုရင်တော့ အဲဒီ ဘ ကုန်း နဲ့ ၀ လုံး နှစ်ခုစလုံး ငါမကျေညက်သေးဘူး
In: ကဗျာ Posted By: Date: Oct 6, 2012
Comment #1
အ သဲ ကွဲ မိုး တဲ့ လား ???? မြင်ကြည့်သွားပါတရ်ဗျာ။
commentinfo By: Dino at Oct 7, 2012
Comment #2
ဟုတ်ကဲ့ပါ
commentinfo By: အသဲကွဲ မိုး at Oct 10, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment