Professional Authors

ပြန်လိုချင်နေဆဲပါ…ချစ်သူ

အရှေ့ အရပ်မှနေမင်းကြီးလည်းထွက်လုပြီချစ်သူ
မင်းဘယ်ဆီပုန်းရှောင်နေလဲ
အမှောင်တွေဖုံးနေတဲ့ငါ့နှလုံးသားရှေ့ မှာ
လမိုက်လေးလည်းမသာနိုင်
နင်ပြန်လာနိုင်ဖို့ 
ငါ့ဒဏ်ရာတံခါးအစဉ်အမြဲဖွင့်ထားပါတယ်…။

အနောက်အရပ်မှနေမင်းလည်းပုန်းတော့မည်
မင်းလည်းဘယ်ဆီပုန်းရှောင်နေလဲ
အမှောင်တွေဖုံးနေတဲ့ငါ့နှလုံးသားရှေ့ မှာ
လပြည့်ဝန်းလေးလဲတိမ်ဆိုင်တစ်ချို့ ကြောင့်…မသာနိုင်
နင်မလာတော့တဲ့တံခါးဝမှာ
ရင်မနာတော့ပဲစောင့်နေတယ်…။

တကယ်တော့အချစ်ဆိုတာချစ်နေဖို့ ပါပဲ
အချစ်ဆိုတာနောက်ကိုလိုက်ရင်း
ရှာဖွေမှုတွေပြုလုပ်နေကြတဲ့ထဲမှာငါတစ်ယောက်တိုးလာတာ
ဘာမှမထူးပါဘူး…။

ငါ့ဟာငါထိုင်နေတာပဲကောင်းပါတယ်…မိန်းကလေး
ထပြီးအချစ်နောက်လိုက်မနေချင်တော့ပါဘူး…မိန်းကလေး
မင်းသွားလိုရာသွားပါ…မင်းပြန်လာချင်ပြန်လာပါ
ငါ့မျက်တွင်းနက်နက်…သံယောဇဉ်နက်နက်ထဲမှာ
မင်းမပျော်နိုင်တော့တာ…ဘာကြောင့်လဲဆိုတာထက်
ငါဘာမှမသိချင်တော့ပါဘူး…။

ငါ့ဘ၀မှာ…နင့်ကိုပြောချင်တဲ့စကားတစ်ခွန်းကို
အရသာရှိစွာပဲ…ငါပြန်မျိုချလိုက်တော့မယ်
ချိုမြိန်တယ်ဆိုတာထက်…
သာယာတယ်ဆိုတာထက်…
ပျော်ရွှင်တယ်ဆိုတာထက်…
အေးမြတယ်ဆိုတာထက်…
မင်းမျက်ဝန်းလှလှ…အပြုံးချိုချိုလေးကိုပဲ…
ငါတမ်းတမိတယ်…ပြန်မရနိုင်တော့ပါဘူး…ချစ်သူ။
မင်းကိုမချစ်ရတော့ဘူးဆိုတာ…မင်းသိတာထက်ပိုခက်ခဲပါတယ်…ချစ်သူ။

In: ကဗျာ Posted By: Date: Oct 5, 2012
Comment #1

မင်းကိုမချစ်ရတော့ဘူးဆိုတာ…မင်းသိတာထက်ပိုခက်ခဲပါတယ်…ချစ်သူ။

commentinfo By: mayviolet at Oct 5, 2012
Comment #2

:'(
:'(
:'(
:'(
:'(
25 mins,,,I read again & again

commentinfo By: ei lay at Oct 5, 2012
Comment #3

ကျေးဇူးတင်ပါတယ်မအိလေး
mayviolet ကျေးဇူးတင်ပါတယ်…။

commentinfo By: loafer at Oct 5, 2012
Comment #4

joking.

commentinfo By: florence at Oct 5, 2012
Comment #5

what do u want to mean? fri
pls tell me
JOKING
florence

commentinfo By: loafer at Oct 5, 2012
Comment #6

inn lae,,
thu myar ka khan sarr chat tway ko yin hnit yinn pi poem phyit aung phan de htar ya dar,,
e lo dot ma pyaw tint par bu naw.
florence ma kyike yin le comment ma pay ne pop.
kou chin sar tint par de.

commentinfo By: ei lay at Oct 5, 2012
Comment #7

ဒါကတော့စိတ်ကြိုက်ပါကြိုက်သလိုဝေဖန်သွားကြပါအသုံးမကျဘူးလို့ ဆိုလိုသွားတယ်လို့ ပဲထင်တယ်
ဟာသ တစ်ခုပါလို့ ပြောလိုက်တာဟာ florence အတွေးထဲမှာအမြင်မှာကျွန်တော်ရေးထားတာကလုံးဝကိုပဲဟာသတစ်ခုဖြစ်သွားတယ်…။
ဆောရီးပါ…မင်းတို့ အမြင်မှာမသင့်တော်တဲ့အတွက်။

commentinfo By: loafer at Oct 5, 2012
Comment #8

R..
🙁
Plz Don’t think like that,,loafer.
Believe urself.
There r lots of people who want to feel ur preety poems.

commentinfo By: ei lay at Oct 5, 2012
Comment #9

အင်းပါနားလည်ပေးလို့ ကျေးဇူးတင်ပါတယ်အစ်မ

ကြိုးစားနေဆဲပါဘာလို့ လဲဆိုတော့ကျွန်တော်ကတော်တော်ငယ်သေးပါတယ်
အတွေ့ အကြုံလည်းနည်းသေးပါတယ်
ဒီထဲကညီအစ်ကိုမောင်နှမတွေနဲ့ ယှဉ်လိုက်ရင်ကျွန်တော်ငယ်ပါသေးတယ်…။
ရင့်ကျက်ဖို့ ကြိုးစားပါဦးမည်။

commentinfo By: loafer at Oct 5, 2012
Comment #10

ငါ့ဘ၀မှာ…နင့်ကိုပြောချင်တဲ့စကားတစ်ခွန်းကို
အရသာရှိစွာပဲ…ငါပြန်မျိုချလိုက်တော့မယ်

commentinfo By: ခွာညို at Oct 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment