Professional Authors

ဧရိယာ ပြင်ပ

ချောင်းနဘေး ရေ အဆေးမှာ မေ့မောသွားလောက်တဲ့အလှ

“အဲဒါညပါ …. လမင်းကြီးရှိတယ်လေ”

သူမပြောခဲ့ဘူး

ငါကြားခဲ့တယ်

 

အိမ်အပြန်လမ်းမှာ အချိန်တန်နေပြီဆိုတဲ့ စကား

“နေ့တာရယ်ရှည်လွန်းတယ် “

သူမပြောခဲ့ဘူး

ငါကြားခဲ့တယ်

 

မြစ်တို့၏ မာယာတစ်ထောင်ကြားမှာ နောင်တတချို့နဲ့ လမ်းတွေပျောက်

“ဆက်လျှောက်ဖို့  မခေါ်ဘူးနော်”

သူမပြောခဲ့ဘူး

ငါကြားခဲ့တယ်

 

ဘယ်သူရေ….ဘယ်ဝါရေ…. ငါတော့ ပြန်ရောက်လာပြီလေ

“အမည်နာမ တပ်ဖို့  သင့်မှာ ခွင့်ပြုမိန့် မရသေးဘူး”

သူမပြောခဲ့ဘူး

ငါကြားခဲ့တယ်

 

ကဝေအတတ်တွေနဲ့ ပြူစားထားတဲ့ဘဝ

အလှအပဆိုတာ ခဏတာအတွက်ပဲရမယ်

“အလိမ်အညာတွေဟာ လှပါတယ်”

သူမပြောခဲ့ဘူး

ငါကြားခဲ့တယ်

 

တလမ်းသွားအသုံးအနှုန်းတွေ ခခ ယယ တောက်ပပြခဲ့တယ်

မျက်ဝန်းတောက်တောက်လေးတွေ တောက်ခေါက်သွားတယ်

စာချုပ်ကို  မီးရှို့လို့ အပြီးမှာ ငါ့ကိုကြိုးစင်တင်ပါ သခင်မ

နောင်တတွေ

ပြာ ကျ လို့  အပြီးမှာ

ညအလှနဲ့ ကြွေကျသွားတဲ့ ငါ့မာနတွေအကြောင်း

ငါပြောခဲ့တယ်

သူမကြားခဲ့ဘူး

In: ကဗျာ Posted By: Date: Oct 4, 2012
Comment #1

အင်း….လိုက်မှီဖို့ မလွယ်ပါလား……….
ကျွန်တော် ကဗျာတွေနဲ့ ဝေးသွားတာ တော်တော်ကြာသွါးလို့ထင်တယ်

commentinfo By: nate thit at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment