Professional Authors

နေရာမှား

ကိုယ်နဲ့နီးတဲ့ စပျစ်သီးတွေက ပိုချဉ်ခဲ့တာလား…
ကိုယ်နဲ့နီးတဲ့ စိတ်ကူးတွေကပဲ ပိုယဉ်ခဲ့တာလား…
တကယ်ဆို
ကိုယ်ကိုယ်တိုင်က အသုံးမကျသေးတာ
ကမ္ဘာက ကိုယ်မရှိလို့ဖြစ်ပေမဲ့
ကိုယ်က ကမ္ဘာ မရှိလို့မဖြစ်ဘူး။
ကာရံမရှိတာကို ကဗျာလို့ မသတ်မှတ်ချင်ရင်
ဒါဟာကဗျာမဟုတ်ဖူး…။
ဒါပေမဲ့ချစ်သူ…
မင်းအတွက်ရည်စူးပြီးဒီစာကိုရေးပါတယ်
မင်းနားမလည်မှာငါသိလဲ
ငါရှင်းပြမနေတော့ဘူး
တကယ်ဆို
ချဉ်နေတဲ့စပျစ်သီးတွေနား ငါနေခဲ့မိတာ…
ယဉ်နေတဲ့စိတ်ကူးတွေကြား ငါပျော်ခဲ့မိတာ…။

In: ကဗျာ Posted By: Date: Jun 1, 2010
Comment #1

နေရာမှားနေတာမဟုတ်ပါဘူး
အချဉ်ကိုကြိုက်လို့အနားမှာနေနေတာဖြစ်မယ်
😀
ကြိုက်လို့ရေးခဲ့တာနော်
စိတ်မဆိုးနဲ့

commentinfo By: saint at Nov 20, 2010
Comment #2

စိတ်မဆိုးပါဘူးရှင် …
ချဉ်နေတာသိသိလဲ … ထွက်ကို မသွားနိုင်ဘူး … 🙂
အင်း … saint ပြောသလို အချဉ်ကြိုက်တာ ဖြစ်မှာပေါ့နော် … 🙂

commentinfo By: ယုစံ at Nov 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment