Professional Authors

HIGH COMMISSIONER ညများ

ငါ. . .

နိုးထတော့

မြို့ငယ်လေးခမျာ

ထုံးစံအတိုင်း

မိုးဖွဲဖွဲအောက်မှာ

အိပ်ငိုက်နေပြီ ။

 

မနှစ်က

တိုးတိတ်တိတ်

ကျကွဲခဲ့တဲ့

ငါ့ အသဲတစုံ

မြေမှာ တဆတ်ဆတ်တုန်နေတုံးပေါ့ ။

 

တိမ်တိုက် မဲမှောင်မှောင်ကြား

တခဏလေး အလင်းပေး

ပြီး

ရုတ်ခြည်းပျောက်သွားတဲ့

လျှပ်စီးတွေ . . .

ဒါ

ငါ့ မျှော်လင့်ချက်တွေပဲလား

 

ပတ်ဝန်းကျင်ကို

လှုပ်ခါယိမ်းထိုးအောင်

ဆော့ကစားလွန်းတဲ့

လေပြေတွေကရော

နင့်ရဲ့ အချစ်တွေလား

 

ခေါင်မိုးထက်မှာ

မိုးစက်တွေ ကျကွဲသံ

ငါ . . .

အော်ငိုလိုက်မိတယ်

 

ဒီလိုနဲ့ပဲ

မိုးသောက်တော့

အိပ်ယာဝင်

ကဗျာတွေကိုတောင်

မခင်ချင်တော့ဘူး . . .

sorry

ငါ . . .

ရင် နာ လွန်း လို့ ပါ . . .

 

In: ကဗျာ Posted By: Date: Sep 30, 2012
Comment #1

မိုးသောက်တော့

အိပ်ယာဝင်

ကဗျာတွေကိုတောင်

မခင်ချင်တော့ဘူး . . .

sorry

ငါ . . .

ရင် နာ လွန်း လို့ ပါ . . .LIKE

commentinfo By: အသဲကွဲမိုး at Oct 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment