Professional Authors

နောက်ဘ၀မကူးခင်

နောက်ဘ၀မကူးခင် မင်းနဲ့ လက်ထပ်ဖူးချင်တယ်
စိတ်ကူးယဉ်ကမ္ဘာထဲ မင်းနဲ့ လက်ထပ်ပွဲ
ကြီးကြီးကျယ်ကျယ် ခမ်းနားလိုက်တာ

ရည်စူးထားတာ ထာဝရမို့
ကိုယ့်စိတ်ကူး အိမ်မက်တွေ
အကောင်အထည်ဖော်မယ်
မင်းလေး စောင့်နေမျှော်နေပါ။

မင်းလေးနဲ့ ထာဝရနေရဖို့ဆိုရင်
မင်းလေးရဲ့ အချစ်စစ်တွေရဖို့ဆိုရင်
သူ နဲ့ ငါ တိုက်ခိုက်ရ တိုက်ခိုက်ရ
ကိုယ်အဆင်သင့်ပါ ….. 
မင်းလေး ပျော်ရွှင်ဖို့အတွက် ဆိုရင်
ကိုယ့်အသက်ကို စတေးရ စတေးရဖို့
ကိုယ်အဆင်သင့်ပါ …..

ငါ.. ကြိုးစားနေဆဲပါ
နောက်ဘ၀ မကူးခင် မင်းနဲ့ လက်ထပ်ဖို့
မင်းနဲ့ လက်ထပ်ချင်လို့ .။

In: ကဗျာ Posted By: Date: Sep 28, 2012
Comment #1

Really nice.
Really touching.

commentinfo By: ei lay at Sep 28, 2012
Comment #2

Thanks ei lay

commentinfo By: gadounlay at Sep 28, 2012
Comment #3

🙂
🙂
🙂

commentinfo By: ei lay at Oct 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment