Professional Authors

“မြင်းတစ်ကောင်ကပေးတဲ့ကဗျာ”

အချစ်ဆိုတာ…
မျက်မှန်စိမ်းနဲ့တူတယ်
ခြောက်သွေ့နေတဲ့ဝန်းကျင်ကိုတောင်
စိမ်းစိုနေတယ်ထင်မိတာ…။

အမုန်းဆိုတာ…
နေကာမျက်မှန်နဲ့တူတယ်
လုံလောက်တဲ့အလင်းရောင်ရှိနေပါလျက်
အုံ့မှိုင်းနေတယ်ထင်မိတာ…။

ဘ၀ဆိုတာာ…
ပကတိမျက်လုံးနဲ့တူတယ်
ဘာမှမထူးခြားတဲ့
သဘာဝအတိုင်းသာမြင်ရတာ…။

ပကတိမျက်လုံးနဲ့
အနည်းငယ်သော စိမ်းစိုမှုကို မြင်နိုင်ရင်
ချစ်ခြင်းအားဖြင့်တွဲသောလက်တွေခိုင်မြဲမယ်…။

ပကတိမျက်လုံးနဲ့
အလင်းတချို့ကို မြင်နိုင်စွမ်းရင်
ခွင့်လွှတ်တတ်ခြင်း လမ်းစကိုတွေ့ရှိမယ်…။

ကျွန်တော်ပြောတာကို နားလည်စပြုပြီဆိုရင်
ခင်ဗျားမျက်မှန်ကို ချွတ်ပစ်လိုက်…။

                                                       သလင်း

In: ကဗျာ Posted By: Date: Sep 25, 2012
Comment #1

လောကကြီးကိုဘောင်မ ခတ်ပါနဲ့။

ပကတိမျက်လုံးနဲ့
ချစ်ခြင်းအားဖြင့်တွဲသောလက်တွေခိုင်မြဲမယ်…။

ပကတိမျက်လုံးနဲ့
ခွင့်လွှတ်တတ်ခြင်း လမ်းစကိုတွေ့ရှိမယ်…။ good. i like your poem.

commentinfo By: moezat at Sep 26, 2012
Comment #2

မိုက်တယ် ..

commentinfo By: အသဲကွဲ မိုး at Sep 26, 2012
Comment #3

super like

commentinfo By: ei lay at Sep 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment