Professional Authors

ဆေးလိပ်ငွေ့တွေစားနေတုန်း

 မင်း သူ့မျက်နှာကို တမေ့တမောမှာ

မင်း ငါ့ကိုပါသတိရနေတာ။

မင်း သူ့လက်ကိုဖွဖွလေးမှာ

မင်း ငါ့ကိုပါအနားရှိစေချင်တာ။

မင်း သူနဲ့စကားသံမင်းပြန်ကြားနေရင်းမှာ

မင်း ငါ့ကိုပါနားထောင်မိစေချင်တာ။

မင်း သူနဲ့အတူထိုင်နေရင်း

မင်းနဲ့ငါ လမ်းပေါင်းများစွာလျှောက်ခဲ့ဖူးတာ။

မင်း LOGO ဟာငါ့သံယောဇဉ်ကိုမှတ်မိသေးကြောင်း

ငါ့ဘက်ကအမှတ်တရ. . .

မင်း တစ်ယောက်ထဲလိပ်ပြာသန့်နေတုန်းမှာ

ငါတစ်ယောက်တော့ ရင်မဆိုင်ရဲမယှဉ်ပြိုင်ရဲ။

ငါမှားသွားလားလို့တော့မေးချင်တယ်

ဒါပေမယ့် မဖြစ်နိုင်သေးတဲ့ချွေးသိပ်စကားမှာ

မင်းငါ့ကိုမကြားစေချင်တော့။

ငါ့အကြောင်းမသိသူ မင်းဟာ

မင်းအကြောင်းသိတယ်မင်းထင်သူနဲ့

အိပ်သွန်ဖာမှောက် နေကြောင်းကြိယာဝိသေသနတွေ

(မတတ်နိုင်လို့) မြင်ကြားသိနေရင်းမှာ

ဆေးလိပ်ငွေ့တွေစားနေတုန်း

ငါ့ဆိုရင်ကော ဆိုတဲ့အတွေးဟာ

တံတွေးသီးလွန်းတယ်ကွယ်။ ။

In: ကဗျာ Posted By: Date: Sep 20, 2012
Comment #1

မြင်ကြားသိနေရင်းမှာ
ဆေးလိပ်ငွေ့တွေ စားနေတုန်း
ငါ့ဆိုရင်ကော ဆိုတဲ့အတွေးဟာ
တံတွေးသီးလွန်းတယ်ကွယ်

commentinfo By: zinminnaye at Sep 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment