Professional Authors

သိစေချင်တယ်ရှင် …..

နီးခြင်း ဝေးခြင်း အကွာအဝေးတွေ
မပညတ်ချင်ဘူး

လွမ်းခြင်း ဆွေးခြင်း ဝေဒနာတွေ
မခံယူချင်ဘူး

အတားအဆီး အသိဥာဏ်တွေ
မောင်းထုတ်ပစ်ချင်ရဲ့

ဝေဖန်မှု ခံယူမှုတွေ
လွှင့်ပစ်လိုက်ချင်တယ်

ရယူမှု ပေးဆပ်မှု
စကားလုံးတွေ
သိဖို့ မလိုအပ်ဘူးထင်ခဲ့တာဘဲ

တကယ်ဆို
ရိုးရိုးလေးနဲ့ သန့်ရှင်းစွာ
ချစ်ခဲ့တာပါ
အမုန်းတွေ မလိုချင်မိတာ
စချစ်မိကတည်းကပါဘဲ

မပိုင်ဆိုင်နိုင်ဘူးဆိုတာ
နားလည်ထားလည်း
အခုထိ တွယ်ငြိနေဆဲ
ရုန်းထွက်ဖို့ ခက်နေဆဲ

နှလုံးသားက ယနေ့တိုင်
နာရီပျက်တစ်လုံးလို
ရပ်တန့်နေခဲ့တော့
လှုပ်လေ မြုပ်လေ
ဒီအလွမ်းနွံထဲ ကိုယ်နစ်နေတာ
မင်းကို သိစေချင်လိုက်တာ ….

In: ကဗျာ Posted By: Date: Sep 20, 2012
Comment #1

လှုပ်လေ မြုပ်လေ
ဒီအလွမ်းနွံထဲ ကိုယ်နစ်နေတာ
မင်းကို သိစေချင်လိုက်တာ ….

ကောင်းလိုက်တဲ့စာသားလေးဗျာ

commentinfo By: kyaltaryarpoem at Sep 20, 2012
Comment #2

ကျေးဇူးတင်ပါတယ်၇ှင်

commentinfo By: White Pineapple at Sep 20, 2012
Comment #3

!-!
!-!

commentinfo By: ei lay at Sep 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment