Professional Authors

~ကို~ ၁ ယောက် သိပါစေ ….

အပြစ်မမြင် ..
ငေးနေချင်သူမို့
ရင်မှာ မြိုသိပ် မဖွင့်ဟခဲ့ဘူး ကို …..

ရင်းနှီးပတ်နွယ်
စကားကြွယ်တဲ့ သူ ၁ ယောက်မို့
ဣထ္ထိယများ ပတ်လည်ဝိုင်းကာ
ပြုံးရွှင်နေချိန် ….
နာကျင် နှလုံး၊ မျက်ဝန်းအစုံ လွှဲကာနေလည်း
ဝမ်းနည်းရတယ် ကို ……

လက်ဖမိုးနဲ့ လက်ဝါး မတူညီသလိုပဲ
ပြုသူ နဲ့ ခံရသူ
ခံစားချက် မတူနိုင်တာ
~ကို~ ၁ ယောက် သိပါစေ ….

လောကီလူသား
ခံစားတတ်တဲ့ နှလုံးသားနဲ့ ထုဆစ်ထားသူမို့
ကျမ သိမ်ငယ်တတ်တယ် ကို …….

ပြန်လည်တည်ဆောက်ထားတဲ့ *ယုံကြည်မှု* ထပ်ပြီး မပျက်သုန်းဖို့ပဲ မျှော်လင့်မိတယ် ကို ……။

(၁၂-၉-၂၀၁၂)
(11း05 AM)

In: ကဗျာ Posted By: Date: Sep 12, 2012
Comment #1

😛
😛
😛
Fighting
Believe urself
U can do well

commentinfo By: ei lay at Sep 12, 2012
Comment #2

“ကို…..” ဆိုတဲ့တစ်ယောက်.အမြန်သိရှိနားလည်ပါစေဗျာ…

commentinfo By: poem.poem28 at Sep 13, 2012
Comment #3

khan sar mi par tal byar

commentinfo By: loafer at Sep 13, 2012
Comment #4

ဟုတ်တယ်ဗျာ….။ ညီ ရဲမင်းခန့် ပြောသလိုပါပဲ..။ “ကို…..” ဆိုတဲ့တစ်ယောက်.အမြန်သိရှိနားလည်ပါစေဗျာ… …။

commentinfo By: zawthetoo at Sep 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment