Professional Authors

ထားခဲ့ပြီးမှ ပို ချစ်သည်.

ဟိုးးးမှာတောင်နဲ့  မြောက် တွေ့လား…
အဲ့ဒါ ငါတို့နှစ်ယောက်မဟုတ်ဘူး…။
ယုတ်ညံ့တယ်ဆိုတာထက် ဆိုးတယ်
ဒီကောင့် ကံကြမ္မာက
အတိတ်မှာလည်း မဲသလို
အနာဂတ်မှာလဲ တောက်ပမှာမဟုတ်ဘူး..။

နင်ကိုယ်တိုင်ရိုက်ချိုးခဲ့တာ
ထပ်ပိုင်း ကျိုးခဲ့ပါတယ်ဟာ…
ကောက်ယူတော့လည်း နင့်သဘော
လွင့်ပစ်တော့လည်း နင့်စိတ်ကြိုက်
ငါဆိုတဲ့ အမှိုက်က
နင်ကန်ထုတ်တိုင်းလည်း
ပျော်ပျော်ကြီး လွင့်ထွက်သွားပေးခဲ့တာ..။

တစ်ရေးနိုးခဲ့ ပြန်ပါပြီ
တစ်ခေါက်ပြန်လာတာလားး..?
(ထွက်……သွား………….)
အဲ့ဒီလိုပြောဖို့လည်း အင်အားမဲ့ပေးမယ်..၊
ရင်ထဲက နိယာမတစ်ခုနဲ့ အတူ
(ငါက…..)
နင်တပ်လှန့်တိုင်း တပ်ဆုပ်ပေးမယ့်သူ.၊
ပျော်မယ်ဆိုရင် ပျော်နိုင်ပါရဲ့
နင့်အတွက်ဆို……
ဒီရင်ခွင်က
ခွင့်လွတ်ခြင်းတွေလှိုင်လှိုင်ပွင့်တယ်….။       ။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Sep 10, 2012
Comment #1

အဓိပ္ပါယ်လေးရော၊ အနှစ်သာရလေးပါ ၇ှိတဲ့ ကဗျာလေး တစ်ပုဒ်ပါနော်။
ဖတ်ပြီး ကျေနပ်သွားပါ၏း)

commentinfo By: Pon yate at Sep 11, 2012
Comment #2

Pon yate ပြောတဲ့ အတိုင်း ပဲ

commentinfo By: MYM at Sep 11, 2012
Comment #3

သြော်…..ငါ့အကိုရာ..ဖြစ်ရမယ်
ဘယ်တတ်နိုင်မလဲ…ချစ်တာကိုးဗျာ.
ကဗျာ..ကရင်ထဲကို ထိတယ်..အားပေးသွားပါတယ် .အကို

commentinfo By: poem.poem28 at Sep 11, 2012
Comment #4

😛
😛
😛
so cute

commentinfo By: ei lay at Sep 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment