Professional Authors

နင် .. ငါ

နင့်ဆီကို ငါ Message တွေ အရင်လိုမပို့တော့တာ
နင့်ကို မေ့နေလို့မဟုတ်ပါဘူး ။
နင့်ဆီကနေ ပြန်ပို့လာမယ် Reply ကိုမျှော်ရင်း
Sorry! ဆိုတဲ့ စကားတစ်ခွန်းပဲ မြင်ရရင်
ငါအရမ်းဝမ်းနည်းသွားတတ်လို့ပါ။

နင့်ကို ငါ အရင်လို ဖုန်းစမဆက်မိတဲ့အခါ
နင့်ကိုမလွမ်းလို့တော့ မထင်ပါနဲ့ ။
နင့်ဆီက ပြောလာမယ့် ငါမအားသေးဘူး ဆိုတဲ့စကားကို ကြားရရင်
ငါ့ရင်ခုန်သံတွေ ဟိုးအောက်ဆုံးထိ ထိုးကျသွားတတ်လို့ပါ။

နင့်ကို ငါ စကားတွေတတွတ်တွတ်ပြောပြီး 
နင်ပျော်အောင် စနောက်မနေတော့တာ
နင့်ကို ငါ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။
အရမ်းစကားများတာပဲ လို့နင်ပြန်ပြောလိုက်ရင်
ငါ့ခံစားချက်တွေ အားဖျော့သွားတတ်လို့ပါ။

ဒါပေမယ့်ပေါ့ ..
နင်လိုအပ်တဲ့အချိန်
နင်စိတ်ညစ်တဲ့အချိန်
နင်ဝမ်းနည်းမှုတွေပြည့်နေချိန်တွေအတွက်
ငါ့ရင်ဘတ်တစ်ခုလုံးဟာ နင်အနားယူရင်ဖွင့်စရာ
အိပ်မက်ကမ္ဘာငယ်လေးတစ်ခုလို ရှိနေမှာပါ ။

နင်မလိုတော့တဲ့ တစ်ချိန်ချိန် စွန့်ပစ်ခံခဲ့ရမှာကို ကြိုသိနေရင်းပေါ့။

မိုးအိပ်မက်

 

In: ကဗျာ Posted By: Date: Sep 10, 2012
Comment #1

Wow….wow
million Thz
Same with my feeling except the last sentence.

commentinfo By: ei lay at Sep 10, 2012
Comment #2

like

commentinfo By: MYM at Sep 11, 2012
Comment #3

အရမ်းကြိုက်တယ်…..

commentinfo By: fiveone.koko at Sep 11, 2012
Comment #4

ကဗျာလေးကို လာဖတ်ပေးကြလို့ ကျေးဇူးပါ …

commentinfo By: Moe Eain Mat at Sep 11, 2012
Comment #5

နင့်ကို ငါ အရင်လို ဖုန်းစမဆက်မိတဲ့အခါ
နင့်ကိုမလွမ်းလို့တော့ မထင်ပါနဲ့ ။
နင့်ဆီက ပြောလာမယ့် ငါမအားသေးဘူး ဆိုတဲ့စကားကို ကြားရရင်
ငါ့ရင်ခုန်သံတွေ ဟိုးအောက်ဆုံးထိ ထိုးကျသွားတတ်လို့ပါ။

နင့်ကို ငါ စကားတွေတတွတ်တွတ်ပြောပြီး
နင်ပျော်အောင် စနောက်မနေတော့တာ
နင့်ကို ငါ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။
အရမ်းစကားများတာပဲ လို့နင်ပြန်ပြောလိုက်ရင်
ငါ့ခံစားချက်တွေ အားဖျော့သွားတတ်လို့ပါ။

commentinfo By: zawthetoo at Sep 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment