Professional Authors

နင်မရှိတဲ့ Time Table

အိပ်ယာကနိုးတော့ မြူခိုးတွေတအူအူနဲ့
စီးကရက် တစ်လိပ်ရဲ့ ငိုညည်းသံကို
ရက်ရက်စက်စက် နင်းခြေပြီး ဒီမနက်ကိုအံတုခဲ့တယ်

ကားမှတ်တိုင်ဟောင်းလေးက ဗယာကျော် ဒီနေ့ဆားနည်းနည်းပေါ့တယ်
နောက်မှ ဓတ်တိုင်ကြီးနဲ့ဒီကိစ္စဆွေးနွေးရမယ်
Taxi တွေကတော့ငါ့ကို ပြုံးပြုံးလေးနုတ်ဆက်ကျတယ်
မသိချင်ယောင်ဆောင်ပြီး ဆူပုတ်ပုတ်နဲ့ပြေးဝင်လာတဲ့
Bus ကားအိုကြီးနဲ့ လက်ဆွဲနုတ်ဆက်လိုက်တယ်

ရန်ကုန်မြို့ကြီးဟာ စိတ်ဓာတ်မျိုးစုံကိုကျောပိုးရင်း
စီးဆင်းနေတယ် သနားဖို့တော့ကောင်းသား
င့ါခြေလှမ်းတွေဖွဖွပဲလျှောက်ခဲ့ပါတယ်……

၃၇ လမ်းအောက်ဖက်က ထမင်းပေါင်းဆိုင်လေးက
ဒီနေ့အသားတော်တော်နည်းနေပြန်ရော (ချစ်သူ မင်းမပါလို့ထင်တာပဲ)
အံမယ်…….ရုပ်ရှင်ရုံတန်းကြီးက ငါ့ကိုအရေးတောင်မလုပ်တော့ဖူး
အင်းပေါ့ ငါတစ်ယောက်တည်းလာတာကိုးးးးးးးးးးးးးးးး

ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်ထဲက ကိုငှက်ကြီးရဲ့ နာရီပေါ်ကမျက်ရည်စက်များသီချင်းနဲ့
ပေါ့ကျတစ်ခွက်က ရင်ထဲထိခါးတယ်…….
ရုတ်တရက် နေလုံးကြီးက အိမ်ပြန်တော့မယ်တဲ့ စိတ်တိုလိုက်တာအရမ်းပဲ
ပိုက်ဆံရှင်းပြီး သူ့ကိုနှုတ်မဆက်ပဲ ထပြန်ခဲ့တယ်…

လမ်းထိပ်က တစ်ခါမှမ၀င်ဖူးတဲ့ ဘုံဆိုင်လေးက ဒီနေ့လှနေသလိုပဲ
ငါဝင်ကြည့်တော့ ခပ်မှိန်မှိန် ဖန်ချောင်းလေးက ညနေနဲ့စီချင်းထိုးနေလေရဲ့
မှာစရာရှိတာမှာပြီး တစ်ခွက်တစ်ဖလားနဲ့စကားပြောမိတယ်
လူတစ်ယောက်ကိုတစ်ကယ်အချစ်စစ်နဲ့ချစ်မိတာသေချာရင်
သူ့အပေါ်မှာအချစ်တွေကိုလျှော့ပြီးချစ်လိုက်ပါတဲ့……..

နားမထောင်ချင်တော့ဖူး……… အိမ်ပဲပြန်တော့မယ်
ကမ္ဘာမြေရဲ့ဆွဲအားက ဗျစ်ရည်ဆိုင်ထဲကထွက်လာတဲ့ငါ့ကို
ကြည့်မရဖူးလားမသိဖူး……. ခြေထောက်နဲ့ မြေကြီး တစ်သားတည်းမကျခဲ့ဖူး
မုန်းတယ်……မြေနိမ့်ရာလှံစိုက်ချင်တဲ့သဘောလား…….

အိမ်ရောက်တော့ နင့်အတွက် ကဗျာတစ်ပုဒ်ရေးတယ်

စားလုံးပေါင်းတက်ရုံ
အဓိပ္ပါယ်နားလည်ရုံ
ရေးတက်ဖတ်တက်ရုံနဲ့တော့
မင်း……………မချစ်တက်သေးပါဖူး။

ရေထသောက်ပြီး အိပ်ရာပေါ်တက် ပက်လက်လှန်ချလိုက်တာ မျက်နှာကျက်မှာ
နင့်မျက်နှာလဲမတွေ့ရပါလား……………..
အင်းလေ ဘ၀ဆိုတာ ၀တ္တုလို သီချင်းလို ရုပ်ရှင်လိုမျိုးမှမဟုတ်တာ…..
မိန်းကလေးတစ်ယောက်ကို အောက်ကျနောက်ကျခံ အရူးအမူးဖြစ် လူမသိအောင်မျက်ရည်ကျ
တစ်ခါတစ်လေတော့ မိဘတွေကိုအားနာမိတယ်
ခဏနေတော့ မိဘတွေရှိတဲ့အခန်းကို ဦးချပြီး အိပ်လိုက်တယ်…..။

In: ကဗျာ Posted By: Date: Sep 2, 2012
Comment #1

:'(
Nice creation.

But I trust no reason if u really fall in love someone deeply.
No more fail or win.
No more regret.
100% pure

commentinfo By: ei lay at Sep 3, 2012
Comment #2

…ကဗျာယူထားတဲ့..အယူအဆတွေ..ကောင်းတယ်.
အဖြစ်သဘောလေးတွေကိုပဲ..စကားလုံးထပ်တိုးထည့်.ဆန်းဆန်းလေးရေးသားသွားတာ
တကယ်ကို….ကောင်းပါတယ်ဗျာ…

commentinfo By: poem.poem28 at Sep 4, 2012
Comment #3

Great Jobs

commentinfo By: သွေးသစ်မင်း at Sep 4, 2012
Comment #4

cox of sweetie title,,i read again.
🙂
nice creation with honesty,

commentinfo By: ei lay at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment