Professional Authors

ပြစ်မှားမိသူ

 

တီးနေကျ ဗြတ်စောင်းအိုက

လေးလေးတွဲ့တွဲ့ ဘုန်းတော်ဖွဲ့သံစဉ်နဲ့

ပျင်းပျင်းရွဲ့ရွဲ့ ညည်းသံနဲ့

လင်းလင်းဖွဲ့ဖွဲ့ ခမ်းနားဖို့ ကြိုးစားတယ်….။

 

ဒီလမ်းမှာ ဒီသီချင်း ဒီစာသားနဲ့ ဒီလိုပဲဆိုတော့

ခုနှစ်စဉ်ကြယ် အမြီးထောင်သည်ဖြစ်စေ မဖြစ်စေ

လိပ်သိမ်းထားတဲ့အမှောင်က လရောင်ကို ဖြည်ချဖို့အလုအယက်…။

 

လမ်းထိပ်လက်ဖက်ရည်ဆိုင်တောင်

သက်ကြီးခေါင်းချချိန်မှာ သက်ငယ်ခေါင်းအုံးလို့

ညဥ့်ငှက်တို့လည်း လရောင်အောက်မှာ အော်လို့မြူးလို့

တယောက်ပျော်ဖို့ တယောက်ကတော့ နိမိတ်မကောင်းပေးရမှာပဲ

ခင်ဗျား ခဲနဲ့ မထုမိဖို့ပဲလိုတယ်….။

 

ရေးချပါသည်ဖြစ်စေ မပါသည်ဖြစ်စေ

တမာကတော့ ခါးတာပဲ

ရေလောင်းပေါင်းသင်ရတာပဲ အဖတ်တင်တယ်

လက်သည်းတဆိတ်ဆိတ်

အညွန့်တချိုးချိုးကတော့ ခင်ဗျားနေတဲ့ လမ်းက အကျင့်ကို ပါနေတာ

ခင်ဗျားပျော်ပျော် မပျော်ပျော်

ဒီလမ်းကတော့ ကွေ့ကောက်ရှည်လျားနေဦးမှာပဲ

လမ်းလျှောက်သင်ဖို့ပဲ လိုမယ်….။

 

 

 

 

 

 

In: ကဗျာ Posted By: Date: Aug 31, 2012
Comment #1

wow,,,,,,,
lots of meaning
lots of thinking

commentinfo By: ei lay at Aug 31, 2012
Comment #2

အားကျလေးစားလျှက် … ကျွန်တော် သိပ်ကြိုက်သော ကဗျာပါပဲ

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment