Professional Authors

အိပ်မက်များရဲ့ နိဂုံး

 

ရောက်နေတဲ့ လမ်းက

ကြည့်နေကြ မြင်ကွင်းစိမ်းစိမ်းတော့ မဟုတ်ဘူး

ရင်းမာပန်းပင်တွေကြား ကျရောက်နေတဲ့

လင်းတ၀က် မှောင်တ၀က် လရောင်အောက်

ပင်လယ်ကို အပြေးအလွှားရှာမိတယ်….။

 

တောင်တောင်အီအီနဲ့

ဆေးကြောသန့်စင်ဖို့ ကြိုးစားနေတဲ့

လက်ဖ၀ါးနှစ်ဖက်လုံးဟာ

လက်တဆုပ်စာ အလွမ်းတွေနဲ့

သံယောဇဉ်မပြတ်တဲ့ စကားသံက

ရင်ကို စောင်းကြိုးရှိုက်တယ်….။

 

ကောင်းသောညပါ ကောင်မလေးရယ်

ဟိုးကမ္ဘာမြေတဖက်ဆီက

လှမ်းပွေ့ဖက်တဲ့ အပြုံးဟာ

ဒီဘက်ကမ္ဘာမြေတခြမ်းရဲ့

ပုစဉ်းရင်ကွဲတို့ ငိုကြွေးချိန်မှ ချိုမြခွင့်ရကြရှာတယ်

အလူးအလဲထပြီး ပြေးကြိုဖို့ ကြိုးစားပေမဲ့

ရောက်လာတဲ့ အချိန်ကတော့ နောက်ကျလွန်းခဲ့တယ်……။

In: ကဗျာ Posted By: Date: Aug 31, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Aug 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment