Professional Authors

အရိပ်

 

ကျွေးမွေးသုတ်သင်ဆိုတဲ့ စကားက သူနဲ့မဆိုင်မလို

ဘယ်တော့မှ ဘယ်အရာကိုမှ မပေးခဲ့ဘူး

ငှက်တသောင်းမပြောနဲ့ တကောင်နားရင်တောင်

ကျိုးကျချင်နေတဲ့ အကိုင်းဆက် သစ်ပင်တပင်

လရောင်အောက်မှာမှ မွှေးမြခွင့်ရကြတဲ့

ဒီညမွှေးပန်းတွေဟာ

နေရောင်ခြည်ကိုတော့ တခါတလေတောင့်တမိတယ်….။


ခဲတံချွန်ပေးဖို့ထက်

ဗလာစာအုပ်တွေ စုတ်ဖြဲပစ်ဖို့ကြိုးစားတဲ့သူ

လထွက်လာမှ ကြယ်လေးတွေကိုကြည့်ဖို့

ဆေးလိပ်ထိုင်ဖွာတတ်ခဲ့…..။


သူ့ထက်ရေသည်ယောက်ျားက ပဲဝက် ပိုချမ်းသာတယ်

ရိုးသားခြင်းကတော့ အတူတူပဲ

ဒါတောင် ထန်းလက်နဲ့ကာပေးတာ မလုံလို့တဲ့ တဖျစ်တောက်တောက်နဲ့…။


နေရိပ်အလာကို နေပူကစောင့်နေတဲ့

အဖေပူနေရှာရောပေါ့

ဆောင်းဝင်တော့မယ်အဖေ

ထရံအပေါက်တွေက လေ၀င်တယ်

ဒီနှစ်တော့ အနွေးထည်နဲ့စောင်ဝယ်ပေးဖြစ်အောင်ပေးမယ်…။

 

In: ကဗျာ Posted By: Date: Aug 31, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Aug 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment