Professional Authors

ဒီကစောင့်နေသူ

လူတစ်ယောက်ကို ချစ်လွန်းလို့
ထိုလူက မချစ်နိုင်မှန်း သိရက်နဲ့
စောင့်နေမိတာ ၄နှစ်ကျော်သွားပြီ..

လူတစ်ယောက်ရဲ့သတင်းကို ကြားကြားတိုင်း
ဝမ်းသာတစ်လှည့် ၀မ်းနည်းတစ်လှည့် နဲ့ နေမိတာ
၎နှစ်ကျော်သွားပြီ..

လူတစ်ယောက်နဲ့ ပက်သတ်ပြီး
ဘယ်သူတွေ ဘာပြောပြော
တစ်ခွန်းမကျန် ပြန်ပြောရင်းနေခဲ့တာ
ဒါနဲ့ပဲ ၄နှစ်ကျော်သွားခဲ့တယ်…

ဒီလိုနဲ့ ထိုလူကို မေ့ပစ်ဖို့လုပ်ပေမယ့်
မမေ့နိုင်တဲ့ ငါ့အပြစ်က
ဝဋ်ကြွေးတစ်ခုလိုပဲ ၄နှစ်တိုင်တိုင်
ပေးဆပ်နေခဲ့ရတယ်..

ထိုသို့သော် ၀ဋ်ကြွေးများကို
ပေးဆပ်နေရင်း စောင့်မှန်းမသိ
ဆက်စောင့်နေမိတယ်…

In: ကဗျာ Posted By: Date: Aug 29, 2012
Comment #1

လူတစ်ယောက်ကို ချစ်လွန်းလို့
ထိုလူက မချစ်နိုင်မှန်း သိရက်နဲ့
စောင့်နေမိတာ ၄နှစ်ကျော်သွားပြီ..

လူတစ်ယောက်ရဲ့သတင်းကို ကြားကြားတိုင်း
ဝမ်းသာတစ်လှည့် ၀မ်းနည်းတစ်လှည့် နဲ့ နေမိတာ
၎နှစ်ကျော်သွားပြီ..

လူတစ်ယောက်နဲ့ ပက်သတ်ပြီး
ဘယ်သူတွေ ဘာပြောပြော
တစ်ခွန်းမကျန် ပြန်ပြောရင်းနေခဲ့တာ
ဒါနဲ့ပဲ ၄နှစ်ကျော်သွားခဲ့တယ်…

(ဒီလိုပဲကျွန်တော်လည်းကဗျာဝင်ဖတ်ရင်းခံစား
တိုက်ဆိုင်မှုတွေက ထိုးဆွခံလိုက်ရတဲ့အနာ
ရင်မှာပဲကြိတ်မှိတ်ခံစားရင်းက
သတိရမိတဲ့အခိုက်မှာ ပြန်စဉ်းစားမိ
(သြော်…)
ကျွန်တော်လည်းသူ့ကိုလွမ်းနေတာ
၎ နှစ်ကျော်သွားပြီလေ..။ ။)

အားပေးသွားပါတယ်ဗျာ…။

commentinfo By: zawthetoo at Aug 29, 2012
Comment #2

အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ..
ပြန်လည်ဆုံဆည်းနိုင်ပါစေနော်…

commentinfo By: maythi at Aug 29, 2012
Comment #3

ပေးတဲ့ဆုနဲ့ မပြည့်နိုင်တာတော့သေချာတယ်ဗျာ…။

ဆုတောင်းပေးတာကိုပဲ ကျေးဇူးတင်ပါတယ်…။

commentinfo By: zawthetoo at Aug 29, 2012
Comment #4

ကဗျာလေးက တကယ်ထိတယ် မေသူရေ…..၄နှစ်ကျော်အလွမ်းတွေပေါ့

commentinfo By: khinnyeinchan at Aug 29, 2012
Comment #5

ကျေးဇူးပါ မခင်ငြိမ်းချမ်းရေ..
အင်း… ဟုတ်တယ်.. ၄နှစ်ကျော် ၅နှစ်တောင်ပြည့်တော့မယ်.. 🙂

commentinfo By: maythi at Aug 30, 2012
Comment #6

ကျွန်တော်နဲ့တော်တော်ကွာနေတာပဲ 😀
လေးလပဲရှိသေးတယ်စောင့်နေတာ

commentinfo By: loafer at Aug 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment