Professional Authors

သုတေသနလွင်ပြင် ဘဝရင်ခွင်

 

 

သုတေသနလွင်ပြင် ဘဝရင်ခွင်

 

ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားတယ်…

ရင်ထဲမှာ စူးနစ်သွားတယ်..

အရိုန်ကောင်းလွန်းတဲ့ ဘဝရထားကြီး

ခုတ်မောင်းနေပါလျက်..

လောကဓံ ရိုက်ခတ်လို့

အံချော်သွားတဲ့ ဗိသုက အိမ်မှာ

ကျားကန်တဲ့ ဒေါင့်ဆိုတာ မရှိခဲ့ရင်…

လေထုတွေရဲ့ အောက်မှာ

ယိုင်လဲ ပျက်စီး ပြိုလဲသွားမယ်လေ…။

 

ပျက်အစဉ် ပြင်ခဏဆိုပေမဲ့

ဘဝဆိုတဲ့ နေအ်မ်ထဲ

ကိုယ်တိုင် သိထားတဲ့ အလွှာတွေကို

ကံ ဥာဏ် ဝီရိယတွေနဲ့ အသုံးချလို့

မိုက်နေတဲ့ အမှောင်ကို အလင်းပြဖို့ လိုမယ်လေ..။

 

အကောင်း အဆိုး လောကဓံတွင်း

ဘဝရထားကြီး ခုတ်မောင်းနေပါလျက်

ချွေးသိမ့်နေတဲ့ မနေ့က အတိတ်ရယ်..

ပစ္စုပ္ပန် စိုးရိမ်မှု သောကတွေရယ်…

အနာဂတ် မိုးစက်တွေရယ်…

လက်မတင် ကျနေတဲ့ နှင်းစက်တွေကို

အားဆေးတစ်ခွက်အနေနဲ့ နားလည်မှုပေးခဲ့သလဲ..။

 

လေထဲမှာ အိမ်ဆောက်တာတော့ မဟုတ်ဘူး..

လောကဓံ အရပ်ရှစ်မျက်နှာထဲ

ရှာဖွေမှု သုတေသနတွေနဲ့

နှစ်တွေ သက္ကရာဇ်တွေ နစ်မြှုပ်ရင်း

ကြိုးစားခဲ့တဲ့ ဘဝတကွေ့မှာ

အရင်းနှီးတွေ ပေးဆပ်လိုက်ရတယ်..

ပြန်ရလိုက်တဲ့ ရလာဒ်က…

နားလည်မှုရဲ့ အခြားမဲ့မှာပေါ့…။

 

နောင်ရိုးတိုက်ပွဲလို ဖောင်ဖျက် တိုက်ပွဲဝင်ရင်း..

ဘဝ ရေစီးကြမ်းတွေကို ဆန်တက်လို့…

လှိုင်းကြမ်းတွေကို ပစ်ခွင်း

မုန်တိုင်းတွေကို ကျော်ဖြတ်

လောကဓံ မာလိန်မှူးကို အငှားခေါ်ရင်း

မမောပန်းတဲ့ စိတ်ဓာတ်နဲ့ ခရီးဆက်လျက်ပေါ့….။

 

ကံဆိုတာ အလုပ်သမား

ဥာဏ်ဆိုတာ အသိတရား

ဝီရိယဆိုတာ ခွန်အား

စည်းလုံးခြင်းသည် အင်အား

လာပါ… မျိုးသစ်ဆက် သူငယ်ချင်းတို့

ဘဝ သုတေသနထဲ သွားကြစို့…။

 

ဘဝ သုတေသန…

ဘဝ သုတေသနဆိုတာ…

နှစ်တွေ ကြာမြင့်တဲ့ ခရီးရှည်တစ်ခု..

ရှုံးချင်လည်း ရှုံးလိမ့်မယ်…

နိုင်ချင်လည်း နိုင်လိမ့်မယ်..

မျိုးဆက်သစ် ညီနောင် သူငယ်ချင်းတို့

ညီညွတ်သော စိတ်ဓာတ်နဲ့ တူမကွာ လက်တွဲရင်း

အနိုင် အရှုံး မခွဲခြားသော အနာဂတ်ကို

ခရီးဆက်လို့ အောင်မြင်မှု ပန်းတိုင်ကို သွားကြစို့…။

 

တက္ကသိုလ်မြတ်မင်း

 

In: ကဗျာ Posted By: Date: Aug 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment