Professional Authors

တစ်ငေးတစ်ရီ

နေ. ဟာ တစ်စ တစ်စ  အိုမင်း ရင့်ရော် လာ

သဘာဝရဲ. ဇရာကို တစ်စိမ့်စိမ့် ကြည်.ရင်း

အထီးကျန်မှု က အေးစက် ချောက်ခြားဖွယ်ရာ

ဒီစိတ်နွမ်း  ကြီးမျိုပြီး တွင်းအောင်း နေရတဲ့ သွေးအေးသတ္တ၀ါ တစ်ကောင်လို

လက်ကြားက စီးကရက်ကိုပဲ အငြိုးတစ်ကြီး/ သဲသဲမဲမဲ

အဆင်ပြေမှုတွေလည်း ငါ့ဆီမှာ အဆင်မပြေကြတော့

အပျော် တွေလည်း အပျော်ရှာ ထွက်သွားကြ ( ပြန်ပေါ်မလာ)

မျှော်လင့်ရာလေးလည်း ပျော်ကြ ကုန်ပြီ

ကြွေကျသွားတဲ့ ခရေလေးနေရာ နောက်ထပ် ခရေလေးဖူးပွင့်လာသလို

ယုံ  ကြည်   ရာ   ဆို   တာ   ( လွယ် ပါ့ မလား )

ဟိုး ခပ် ဝေး ဝေး ကို ပစ်သွင်းထားလိုက်မယ် ….. အကြည်.တွေရယ်

မြင်ကွင်း တွေက ငါ့ကိုမှကွက်ပြီး စိမ်းကားတယ်ရယ်လို.တော့မဟုတ်ပါဖူး

ဒါပေမယ့်  စိမ်းစိမ်းကားကား      !

 

ရာဖြိုး

In: ကဗျာ Posted By: Date: Aug 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment