Professional Authors

တုန်ရီလွယ်တဲ့……….နံနက်ခင်း

တိမ်တွေကုန်တော့လည်း
နေရောင်ခြည်ဟာ….အလင်းမဲ့လျှက်
မိုးစက်တစ်ချို့
မချိန်းပဲနဲ့လာလည်ကြတော့
ကောင်းကင်ကြီးက
သန်းခေါင်စာရင်းမပါလည်း
လက်ခံမိလေသည်။
နှုတ်ဆက်နေတုန်း
လက်ပြမည့်သူကို
မျှော်မိသည့် အဖြစ်မျိုး
ညနေနှင့်နံနက်ခင်း
တွဲလျှက်နဲ့ငိုနေကြလေရဲ့………..
လေပြည်ညှင်းတို့
အသည်းအသန်
ပြုံးကြတော့
ကျွန်တော်လက်တစ်ဖက်ကို ဆန့်ကာ
ကာရင်း…………
မျှော်လင့်ခြင်းကြီးစွာပြောမိသည်
နံနက်ခင်းရယ်ကုန်ပါလေတော့………………….။

In: ကဗျာ Posted By: Date: Aug 23, 2012
Comment #1

သွယ်ဝိုက်ပြီးရေးထားတာလေးနော်……မိုက်ပါတယ်:)

commentinfo By: shwe sin (or)shine lat nwe oo at Aug 23, 2012
Comment #2

He..he.
Ei lay nar ma le bu,,a ko yae.
Like loh ma hme dot bu.

commentinfo By: ei lay at Aug 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment