Professional Authors

PoemsCorner Authors

လမ်းညွှန်မြေပုံ

အိပ်ယာကထပြီဆို
ကိုယ့်ကိုကိုယ်ပြန်ရှာနေရတာ
အကျင့်ဖြစ်နေပြီ
အဖေနဲ.အမေ
အသေအချာစာလုံးပေါင်းမပေးလိုက်တဲ့နာမည်
ငါဖြစ်ခဲ့ပြီ။

ကဗျာဆရာငါ
ဆရာဝန်ငါ
လူလိမ္မာငါ
လူယုတ်မာငါ
ဘယ်သူဟာငါလဲ
ငါ့ဘ၀ ရဲ.ထောင့်တိုင်းမှာ
မျက်မမြင်ပုဏ္ဏားများစွာ…………
သိက္ခာကို ထမင်းနဲ.လဲရတိုင်း
ငါ့မျက်ရည်ဟာငါ့သွေးဖြစ်လို.
ငါ့သွားဟာ
လမ်းကြိတ်စက်ဖြစ်လို.
ငါ့စိတ်ဟာ
ချုံထဲမှာချိုသွေးလို.
ငါ့ဝိဥာဉ်တော့
မညှိုးစေခဲ့ဘူး
ဘာကြောင့်လဲသိလား
ငါ့နှလုံးသားဟာ
ခြင်္သေ့အောင်းတဲ့ဂူ။

ငါ့အမာရွတ်တွေဟာ
ငါ့သံချပ်ကာအင်္ကျီပဲ
ပင်လယ်လို
ငါ့တည်ငြိမ်မှုက အနက်ရှိုင်းဆုံးမှာ
တိမ်တွေလို
ငါ့ခံနိုင်ရည်က စိတ်မွှာမှုမှာ။

ငါ့ယဉ်ကျေးမှုကိုငါမောင်းတင်လိုက်တော့
သံချေးသံကြားတယ်
ပျက်စီးပါစေ
ငါ့လည်တိုင်ကိုကျောက်သားနဲ.ထုဆစ်ထားတယ်
ကျိုးပဲ့ချင်ကျိုးပဲ့မယ်
မညွတ်ကြေး။

ငါလွန်မိသူများကို
ငါဒူးထောက်ဖို.၀န်မလေးဘူး
ငါကိုလွန်ခဲ့သူများကို
ငါခွင့်လွှတ်ဖို.၀န်မလေးဘူး
ကိုယ့်ကိုကိုယ် နေရာမချတတ်သူများကိုတော့
ခြေမနဲ.တောင် ခေါင်းငြိမ့်မပြချင်ဘူး။

ငါ့ညာလက်ဖျံမှာ
ကဗျာကိုဓားထစ်မှတ်ခဲ့တယ်
ငါ့ဒဏ်ရာတွေပေါ်မှာ
ချစ်သူနူးညံ့ခဲ့တယ်
သူ.ယုံကြည်မှုသစ်ပင်မှာ
ငါ့အသက်ဓာတ်ကိုချိတ်ခဲ့တယ်။

ချစ်သူ………..လာ
နင့်လက်မောင်းကိုငါဖောက်
ငါ့လက်မောင်းကိုနင်ဖောက်
စိမ့်ထွက်လာတဲ့အနုပညာ
ငါတို.အတူသောက်ရအောင်။

ငါ့ခံနိုင်ရည်ဟာ သံထည်ပဲ
ငါ့အနုပညာဟာပေပဲ
တူတွေကိုငါပြုံးကြည့်လိုက်တယ်
ငါ့မျက်လုံးမှာ
ဓားရောင်တလက်လက်။

ငါ့လည်ချောင်းတွေပတ်ကြားအက်ပါစေ
မိုးခါးရေငါမမြိုတော့ဘူး
မဲ့မဲ့ကြီးပြုံးကြသူတွေခြေရင်းက
ခင်းထားတဲ့ကတ္တီပါစပေါ်
ငါခြေချော်မလျှောက်တော့ဘူး
ဟောဒီအရူးဟာမိုက်မဲတယ်
ဒါပေမယ့်
လွတ်လပ်တယ်။

နွံထဲကကြာ နွံမတင်သလိုမျိုး
င့ါဘ၀ထဲကအနုပညာ
အင်အားသုံးပြီး ငါစင်ကြယ်ခဲ့
ကဗျာကို သားသမီးအရင်းလိုချစ်ခဲ့
ငါ့ဆိုးမွေကိုကဗျာမှာ မစွန်းထင်စေခဲ့
ချစ်သူ
ငါ့ကိုအနမ်းနဲ.ဂုဏ်ပြုပါ။

ဘ၀ရဲ.အကိုင်းအခက်များမှာ
အနုပညာကို သားတင် ခဲ့ပြီ
မစိုက်ပဲ ရိတ်သိမ်းချင်သူတို.ရေ
ပဒေသာပင်မှာတောင်မှ
ဆူး ပါသင့်ကြောင်း
ငါကောင်းကောင်းသင်ကြားသိခဲ့ပြီ။

မလေးစားအပ်သောမိတ်ဆွေများကြောင်.
လေးစားအပ်သော ရန်သူများကို
ငါဦးညွှတ်ခဲ့
လွတ်လပ်စွာကွဲလွဲခွင့်နဲ.
ငါ့ခံတပ်ငါဆောက်ခဲ့
ခံတပ်ရဲ.နောက်ကျောကိုတော့အဆများစွာပိုထူထဲခဲ့။

အဆင်ပြေမှုတွေကို
တမျိုးကြီးထင်ရလောက်အောင်
အဆင်မပြေမှုအစုံအညီကို
အသားသေခဲ့ပြီ
ငါ့အရိုးအကြောတိုင်းမှာ
အနုပညာဟာ
ပြည်အောင်း ခဲ့ပြီ
လက်ညှိုးပေါင်းများစွာကိုလည်း
အင်္ဂုလိမာလအကြည့်နဲ.
ငါကြည့်တတ်ခဲ့ပြီ။

ငါ့ဥယျာဉ်တော်မှာ
သခွတ်ပင်တွေချည်း စိုက်မယ်
ပွင့်ကြစမ်း
မျက်လုံးမှာဖျင်းကနဲသွေးဆောင့်တိုးခဲ့
အမွမ်းအမံအတိပြီးတဲ့လူတွေကို
အမွမ်းအမံ ကင်းတဲ့တောင်ပေါ်ကနေ
တချိန်ချိန်မှာ
ငါ ဟားတိုက်ရယ်မယ်။

ဆုံးသွားတဲ့
အမေလည်း ခွင့်လွှတ်ပါ
လမ်းခွဲသွားတဲ့
ချစ်သူလည်းခွင့်လွှတ်ပါ
ငါ့နာမည်ကို
အနုပညာ မှာပဲလိုက်ရှာပါ
ဒီပုဏ္ဏားဟာ
လက်ညှိုးတစ်ချောင်းပဲထောင်တတ်သူဖြစ်ပါသည်။ ။

In: ကဗျာ Posted By: Date: May 31, 2010
Comment #1

ငါ့ဘ၀ ရဲ.ထောင့်တိုင်းမှာ
မျက်မမြင်ပုဏ္ဏားများစွာ…………

(: သဘောကျ၏။။။။။။

commentinfo By: melodyphyO at May 31, 2010
Comment #2

အယ်..ကဗျာဆရာရယ်….
လက်ညိုးတောင် မထိုးရဲတော့ဘူး…
ထင်တော့ထင်တား…
သူကြည့်ပုံက တစ်မျိုးကြီးရယ်ပါလို့….ဟိဟိ….

commentinfo By: မှုံရွှေရည် at Jul 31, 2010
Comment #3

ငါဟဲ့…အင်္ဂုလိသက္က
😛

commentinfo By: mawni at Jul 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment